ဇာတ်ကားများ ရွေးရန်

Dhruva

2016ဇာတ်ကားWeb-dl 1080p

ဒီကားလေးက တကယ့်ကို အကြိတ်အနယ် ကြည့်ရမဲ့ ကားကောင်းတစ်ကားနော်။ ရိုးရိုးရဲကားတွေလို လမ်းဘေးက ခါးပိုက်နှိုက်တွေ၊ လူမိုက်တွေကို လိုက်ဖမ်းနေတာမဟုတ်ဘဲ ပြစ်မှုပေါင်းများစွာရဲ့ နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်နေတဲ့ အကြီးဆုံးရာဇဝတ်ကောင်ကြီးကို ပစ်မှတ်ထားပြီး နှိမ်နင်းမဲ့ ဇာတ်လမ်းမျိုးပါ။ ဇာတ်လိုက်ဖြစ်တဲ့ ရဲအရာရှိလေးက ပြစ်မှုသေးသေးလေးတွေကနေတဆင့် သတင်းအချက်အလက်တွေကို စုဆောင်းပြီး တစ်တိုင်းပြည်လုံးက ဆင်းရဲသားတွေကို ဒုက္ခပေးနေတဲ့ ဆေးဝါးမာဖီးယားဂိုဏ်းကြီးကို ဖော်ထုတ်ဖို့ ကြိုးစားပုံတွေက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ အထူးသဖြင့် ဆင်းရဲသားတွေ ဈေးပေါပေါနဲ့ရမဲ့ ဆေးဝါးတွေကို နိုင်ငံခြားကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး တားဆီးဖို့လုပ်နေတဲ့ အကြံအစည်တွေကို ရဲအရာရှိလေးက ဘယ်လိုနည်းလမ်းတွေနဲ့ တားဆီးမလဲ... ဒီကားရဲ့ အသက်ကတော့ ဗီလိန်နဲ့ မင်းသားရဲ့ အားပြိုင်မှုလို့ပဲ ပြောရမယ်။ ဗီလိန်ဖြစ်တဲ့သူကလည်း သာမန်လူမိုက်မဟုတ်ဘဲ အပြင်ပန်းမှာ လူအထင်ကြီးလေးစားရတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်နေပြီး သူ့ရဲ့ ကိုယ်ပိုင် ဓာတ်ခွဲခန်းထဲကနေ ရာဇဝတ်မှုတွေကို အကွက်ကျကျ ဖန်တီးနေတာပါ။ အဲဒီလို ပြိုင်ဘက်ကင်း ဉာဏ်များတဲ့ ရာဇဝတ်ကောင်ကြီးနဲ့ ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ရဲအရာရှိလေးတို့ တစ်ယောက်နဲ့တစ်ယောက် အကွက်ချပြီး အပြန်အလှန် တိုက်ခိုက်ကြတဲ့ ဉာဏ်စမ်းကစားပွဲကြီးက ထိုင်ခုံကနေ မထချင်လောက်အောင် ဆွဲဆောင်ထားနိုင်ပါတယ်။ သူတို့နှစ်ယောက်ကြားက ထိုးနှက်ချက်တွေကြောင့် လူသတ်မှုတွေ၊ ပြန်ပေးဆွဲမှုတွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ အခြေအနေတွေကို ရင်တမမနဲ့ ကြည့်ရမဲ့ အမိုက်စား ဇာတ်လမ်းလေးမို့ လက်မလွှတ်တမ်း ကြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ဇာတ်လမ်းအကြောင်း