ဇာတ်ကားများ ရွေးရန်

Chaahat

1996ဇာတ်ကားWeb-dl 1080p

* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် ဒီကားလေးကတော့ ရောဂါဝေဒနာခံစားနေရတဲ့ ဖခင်ဖြစ်သူကို ဆေးကုသဖို့အတွက် မြို့ကြီးဆီကို ရောက်လာတဲ့ သားအဖနှစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ သီချင်းဆိုဝါသနာပါတဲ့ ကောင်လေးက ဖခင်ရဲ့ဆေးဖိုးအတွက် ဟိုတယ်တစ်ခုမှာ အဆိုတော်အဖြစ် အလုပ်ဝင်လုပ်ရင်း ဆေးရုံက စိတ်သဘောထားပြည့်ဝတဲ့ ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုက်သွားပါတယ်။ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်းနဲ့ ကြည့်ရတာ ကြည်နူးဖို့ကောင်းသလို သားအဖနှစ်ယောက်ကြားက သူငယ်ချင်းတွေလို စနောက်ပြီး အပြန်အလှန် ဂရုစိုက်ကြတာတွေကလည်း ချစ်စရာကောင်းပါတယ်။ ဒါပေမဲ့ ကောင်လေး အလုပ်လုပ်နေတဲ့ ဟိုတယ်ပိုင်ရှင်ရဲ့ ညီမဖြစ်သူက သူ့ကို မြင်မြင်ချင်းပဲ ရူးရူးမူးမူး စွဲလမ်းသွားရာကနေ သူတို့ရဲ့ကမ္ဘာလေးက ပြိုလဲရပါတော့တယ်။ အလိုလိုက်ခံထားရတဲ့ အဲဒီမိန်းကလေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် ဩဇာအာဏာကြီးမားတဲ့ သူ့ရဲ့အစ်ကိုက ငွေကြေးနဲ့ အင်အားသုံးပြီး ကောင်လေးကို အတင်းအကျပ် ဖိအားပေးလာပါတယ်။ ရိုးသားတဲ့ ချစ်သူနှစ်ဦးကြားကို အတ္တကြီးမားတဲ့ အချစ်တစ်ခု ဝင်ရောက်လာတဲ့အခါ သူတို့ရဲ့ အချစ်ရေးက ဘယ်လိုတွေ ဆက်ဖြစ်မလဲ။ ရက်စက်တဲ့ သူဌေးမောင်နှမရဲ့ ရန်ကနေ ကောင်လေးက သူ့ရဲ့ဖခင်နဲ့ ချစ်သူကောင်မလေးကို ဘယ်လိုကာကွယ်သွားမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာဖြစ်လို့ လက်မလွတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း