Poltergeist
အဲရစ်နဲ့ အေမီတို့ မိသားစုဟာ ဈေးသက်သာတဲ့ အိမ်တစ်လုံးကို လိုက်ရှာရင်း မထင်ထားလောက်အောင် ဈေးတန်တဲ့ အိမ်ကြီးတစ်အိမ်ကို ရလိုက်ကြပါတယ်။ မကြာသေးခင်ကမှ အလုပ်ပြုတ်ထားတဲ့ အဲရစ်ကလည်း ဒီအိမ်မှာ ဘဝသစ်တစ်ခု ပြန်စနိုင်မယ်လို့ မျှော်လင့်ထားတယ်။ ဒါပေမဲ့ နေရင်းနဲ့ အိမ်ထဲမှာ ထူးဆန်းတဲ့အသံတွေ ကြားလာရပြီး ပစ္စည်းတွေလည်း သူ့အလိုလို ရွေ့နေကြတယ်။ တစ်နေ့ထက်တစ်နေ့ ဒီလိုအဖြစ်တွေ ဆက်တိုက်ဖြစ်လာရာက မိသားစုကိုပါ ဒုက္ခပေးလာတဲ့အခါ သူတို့မျှော်လင့်ထားတဲ့ နေရာသစ်မှာ အေးအေးချမ်းချမ်း နေလို့မရတော့ပါဘူး။ ဒီဇာတ်ကားက ၁၉၈၂ ခုနှစ်က Poltergeist ကို ပြန်လည်ရိုက်ကူးထားတာပါ။
ဇာတ်လမ်းအကြောင်း