ဇာတ်ကားများ ရွေးရန်

Descendent

2025ဇာတ်ကားအမှတ် 6.1/1093 မိနစ်

ဒီတစ်ခေါက်မှာတော့ ထူးထူးခြားခြား အတွေးများစေမဲ့ Psychological sci-fi ရုပ်ရှင်တစ်ကားကိုတင်ဆက်ပေးလိုက်ပါရစေ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်လိုက် ရှောင်က သာမန်လူလတ်တန်းစား ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းတစ်ဦးပါ။ သူ့မှာ အန်ဒရေယာဆိုတဲ့ ဇနီးလည်းရှိပြီး ကိုယ်ဝန်လွယ်ထားရတာလည်း လရင့်နေပြီဖြစ်ပါတယ်။ ရှောင်ကတော့ ကလေးမွေးတဲ့အခါ သူတို့မိသားစု ၃ယောက် ‌ရှေ့ရေးကို စိတ်အေးအေးနေနိုင်ဖို့ အလုပ်မှာ စိတ်နှစ်ပြီး ကြိုးကြိုးစားစားနေထိုင်ပါတယ်။ တစ်ညမှာတော့ သူအလုပ်လုပ်တဲ့နေရာမှာရှိတဲ့ အချက်ပေးခေါင်းလောင်းပျက်သွားလို့ ပြင်ဖို့သွားရင်း ခေါင်မိုးပေါ်က မီးသီးကျွမ်းနေတာကိုပါ တက်လဲခဲ့ပါတယ်။ ခေါင်မိုးပေါ် မီးသီးတက်လဲနေတုန်း ကောင်းကင်ပေါ်ကနေ အလင်းတန်းကြီးတစ်ခု ရှောင်ရဲ့ခေါင်းပေါ် ကျလာခဲ့ပြီး ရှောင်လည်း ခေါင်မိုးပေါ်ကနေ ပြုတ်ကျသွားပါတော့တယ်။ ဆေးရုံမှာ ပြန်နိုးလာတဲ့အခါ ရှောင်ဟာ အရင်လိုပုံမှန်မဟုတ်တော့ဘဲ ရုတ်တရက် ပန်းချီ‌တွေဆွဲတတ်လာပြီး ထင်ယောင်ထင်မှားဖြစ်တာတွေ အကြားအာရုံထူးခြားလာတာတွေပါ ကြုံလာရပါတယ်။ အိမ်ထောင်ဦးစီးတာဝန်ကိုလည်း ထမ်းနေရတဲ့ ရှောင်တစ်ယောက် ဒီလို အခြေအနေတွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကိုကြည့်ရှုရမှာပါ။ ဒီဇာတ်ကားက အစပိုင်းမှာတော့ ဇာတ်အထနှေးပေမဲ့ turning point ကနေစလို့ တဖြည်းဖြည်း နောက်ဆုံးထိ tempo ဆက်တိုက်တက်သွားပြီး ဆွဲ ခေါ်သွားတာပါ။ ဇာတ်သိမ်းမှာလည်း ကြည့်ရှုသူတွေကို စဉ်းစားခန်းဖွင့်စေမဲ့ open ending မျိုးနဲ့အဆုံးသတ်ထားတာမလို့ အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ ရုပ်ရှင်မျိုးဖြစ်ကြောင်း ညွှန်းဆိုလိုက်ချင်ပါတယ်။ File Size… (1.00GB) / (505MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 36m Genre ….Drama , Horror , Mystery , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း