Vegas Vacation
Vacation Franchise ၅ ကားရှိတဲ့အထဲက ဒီကားက စတုတ္ထမြောက် Vacation ဖြစ်တယ်။ မင်းသားမင်းသမီးကတော့ Chevy Chase နဲ့ Beverly D’angelo တို့ကပဲ ပါဝင်သရုပ်ဆောင်ထားပေမယ့် ရှေ့သုံးကားရဲ့ ဇာတ်လမ်းနဲ့ဇာတ်ညွှန်းရေးသူ တဖြစ်လဲ ပရိုဂျူဆာ John Hughes ရဲ့ ပါဝင်ပတ်သက်မှုမပါတဲ့ ရုပ်ရှင်ကားဖြစ်တယ်။ ရှေ့သုံးကားက National Lampoon’s Vacation၊ National Lampoon’s European Vacation နဲ့ National Lampoon’s Christmas Vacation ဆိုပြီး National Lampoon လေဘယ်ပါဝင်သော်ငြား ဒီဇာတ်ကားမှာတော့ National Lampoon လေဘယ်ပြုတ်သွားတာကိုမြင်ရပါတယ်။ ရုံတင်ဝင်ငွေကတော့ ဒေါ်လာ ၂၅သန်းရင်းတာ ၃၆သန်းကျော်ပြန်ရတယ်ဆိုတော့ မြတ်တယ်လို့ပဲဆိုရမှာပါ။ ဇာတ်လမ်းအကျဉ်း ကလက်ခ်ဂရစ္စဝေါဒ်က သူ့အလုပ်မှာ ဘောနပ်စ်အများကြီးရလာတဲ့အတွက် တစ်မိသားစုလုံး ဗီးဂတ်စ်ကို ခရီးထွက်ကြမယ်ဆိုပြီး စီစဉ်ပါတော့တယ်။ သားနဲ့သမီးကတော့ ၂၁ နှစ်မပြည့်သေးတော့ ဗီးဂတ်စ်ရောက်ပြီး ဟိုဟာလုပ်မရ ဒီဟာလုပ်မရနဲ့မလို့ စိတ်ညစ်ကြတာပေါ့။ ကလက်ခ်တစ်ယောက်တည်းကပဲ ကာစီနိုတွေ့ပြီး အပျော်ကြီးပျော်နေခဲ့တယ်။ ဒီလိုနဲ့ ဟိုတယ်ရောက်ရောက်ချင်းပဲ ကလက်ခ်က ဖဲဝင်ကစားလိုက်တာ ရှုံးသွားပါရော။ ရှုံးလေ လိုက်လေနဲ့ ရှုံးပြီးရင်းရှုံးတာမှ ရှုံးရှုံး ရှုံးရှုံးနဲ့တောင် မြည်နေပြီ။ ဒါပေမဲ့လည်း သူမရပ်တန့်နိုင်ဘူး။ သူ့အဖြစ်က ထမင်းမေ့ဟင်းမေ့မဟုတ်ဘူး၊ ဇနီးမေ့ သားသမီးမေ့ ဖြစ်သွားတာ။ ဒီတော့ ဇနီးနဲ့သားသမီးတွေလည်း ကိုယ်စီကိုယ်စီပြဿနာတွေ ... အဲ ... ပျော်စရာတွေ ဖန်တီးရတာပေါ့။ ဂရစ္စဝေါဒ်မိသားစုကြီး ဗီးဂတ်စ်မှာ ဘယ်လောက်ထိတလွဲတွေလုပ်ကြမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။ File size…(1.2 GB)/(686 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း