ဇာတ်ကားများ ရွေးရန်

Chasing Amy

1997ဇာတ်ကားအမှတ် 6.8/10114 မိနစ်

Chasing Amy (1997) ဒီကားကတော့ Dogmaတို့ Tuskတို့လို နာမည်ကြီးကားတွေရဲ့ဒါရိုက်တာဖြစ်တဲ့ Kevin Smithရဲ့ နာမည်ကြီးအချစ်ဒရာမာကားလေးပါပဲ။ သရုပ်ဆောင်အနေနဲ့ဆိုရင်လည်း Ben Affleckက ဟိုဒန်မက်နေးနေရာ၊ Joey Lauren Adamsက အလက်ဆာနေရာမှာ အသီးသီးသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Joeyကလည်း ဒီကားနဲ့ Golden Globesရဲ့ Best actressဆုအတွက် ဆန်ခါတင်ဝင်ခဲ့ပါတယ်။ ဒါက ဒါရိုက်တာဖြစ်သူဖန်တီးထားတဲ့ The View Askewniverse ရဲ့ တတိယမြောက်ကားပါ။ "ဂျေးနဲ့ဆိုင်းလန့်ဘော့" ကာရိုက်တာကလည်း Askewniverseထဲက ကားတိုင်းမှာပါဝင်ပြီး ဒီကားနာမည်ကိုလည်း ဘော့ပြောတဲ့ဇာတ်လမ်းကို inspireယူပြီး "Chasing Amy"လို့ပေးထားတာဖြစ်ပါတယ်။ ဒီကားက ၁၉၉၇ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပေမဲ့ love, sex, identity, jealousy‌ တွေပေါင်းစပ်ထားပြီး အခုထိကိုခေတ်မှီနေသေးတယ်လို့ပြောနိုင်တဲ့ကားပါ။ အချစ်ကားလေးဆိုပေမဲ့ အတွေးတွေအများကြီးပေးနိုင်တဲ့ Indie Classicကားပါပဲ။ ဒီကားကို ကြည့်ရင်း အချစ်ဆိုတာ တိကျပြီး perfect ဖြစ်တဲ့အရာ မဟုတ်ဘူးဆိုတာ ခံစားရပါလိမ့်မယ်။ တစ်ခါတစ်ရံအပြန်အလှန်နားလည်ပေးရုံနဲ့မဖြစ်ဘဲ အမြင်မတူကြရင် အချစ်တောင် အခက်အခဲဖြစ်နိုင်တယ်ဆိုတာကို ပြသထားတာပါ။ ဇာတ်လမ်းအကျဉ်း ဟိုဒန်နဲ့သူငယ်ချင်းဖြစ်သူ ဘန်ကီက ကောမစ်ရေးသူတွေပါ။ ကောမစ်ကွန်ပွဲမှာ ဟိုဒန်က အလက်ဆာဆိုတဲ့ကောင်မလေးတစ်ယောက်ကို ချစ်မိသွားပါတယ်။ ဖြစ်ချင်တော့ အလက်ဆာက လက်စ်ဘီယန်ပါ။ ဒါပေမဲ့ အချစ်ဆိုတဲ့အရာက ထူးခြားတယ်ဆိုတဲ့အတိုင်း အလက်ဆာက ဟိုဒန်ကိုပြန်ချစ်ခဲ့ပါတယ်။ ဒါပေမဲ့ အလက်ဆာရဲ့အတိတ်က ‌ဟိုဒန်လို ရှေးရိုးဆန်တဲ့သူတွေအတွက် လက်ခံဖို့များနေတဲ့အခါ သူတို့ရဲ့အချစ်ခရီးက ဆူးခင်းလမ်းဖြစ်လာပြီး သူတို့တွေ ဘယ်လိုရွေးချယ်မလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားရမှာပါ။ File size… (1.9 GB) / (890 MB) Quality…. Blu-Ray 1080p / 720p Format…. mp4 Genre…. Comedy, Drama, Romance Duration…. 01:53:23 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း