ဇာတ်ကားများ ရွေးရန်

Betting with Ghost

2024ဇာတ်ကားအမှတ် 8.0/10113 မိနစ်

Betting with Ghost (2024) IMDb Rating (6.5) လန်းကအလုပ်တစ်ဖက်နဲ့ကျောင်းတက်နေတဲ့လူငယ်လေးဖြစ်ပြီး သူ့အဖေက သူ့သားလိမ်မာကြောင်း၊ တော်ကြောင်းအမွှမ်းတင်လေ့ရှိပေမယ့် တကယ်တမ်းတော့ သူ့သားက အလုပ်သွားချင်ယောင်ဆောင်ပြီး ကြက်ဝိုင်းမှာပဲ အချိန်ကုန်တတ်တဲ့သူပါ။ တစ်နေ့တော့လန်းတစ်ယောက်ကြက်ဝိုင်းမှာရှုံးသွားတဲ့အတွက်လောင်းကြေးကိုမဆပ်ပဲ ထွက်ပြေးရာကနေ သင်္ချိုင်းတစ်ခုကနေ ဖြတ်ပြေးပြီး ကျင်းဟောင်းတစ်ခုထဲကိုဆင်းပုန်းမိခဲ့ပါတယ်။ အဲ့ဒိကစလို့ လန်းဟာ တစ္ဆေမလေးတစ်ကောင်ကိုတွေ့မြင်လာရပြီး အဲ့ဒီတစ္ဆေမိန်းကလေးက သူ့သမီးကိုကူရှာပေးဖို့ တတွတ်တွတ်အကူအညီတောင်းလေ့ရှိပါတယ်။ အစပိုင်းမှာသူအတန်တန်ငြင်းပေမယ့် ကောင်မလေးက သူ့ကိုဖြတ်လမ်းနည်းနဲ့ငွေရှာဖို့ကူညီမယ်လို့ကမ်းလှမ်းလာချိန်မှာတော့ သူ့ဘက်ကလည်းအပြန်အလှန်ကူညီပေးဖို့လက်ခံခဲ့ပါတယ်။ ကူညီမယ်သာပြောပေမယ့် သာမန်လူတွေနဲ့မခြား ဘာအစွမ်းမှမရှိတဲ့ တစ္ဆေမလေးနဲ့လန်းတို့နှစ်ယောက်ကြားက အလွဲပေါင်းစုံကမနားတမ်းခွီနေရမှာဖြစ်ပါတယ်။ အစပိုင်းမှာဟာသနှောပြီးခပ်သွက်သွက်တင်ပြထားပေမယ့် တကယ်တမ်းဇာတ်လမ်းပုံစံပေါ်လာတဲ့အခါမှာတော့ သူတို့နောက်ကွယ်ကဖြစ်ရပ်တွေ တစ်ရစ်ချင်းထွက်ပေါ်လာတဲ့အခါ ဇာတ်အလှည့်အပြောင်း၊ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူမျက်ရည်ဖြိုင်ဖြိုင်ကျရဖို့လည်းရှိပါသေးတယ်။လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (2 GB) / (1.1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Family Duration…. 01:52:21 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း