ဇာတ်ကားများ ရွေးရန်

The Throwback

2024ဇာတ်ကားအမှတ် 7.3/1096 မိနစ်

The Throwback (2024) Sheldon အငယ်လေးစီးရီးထဲက အစ်ကိုဖြစ်သူ ဂျော့ဂျ်ရဲ့ ယောက္ခထီးနေရာက မင်းသား Will Sasso နဲ့ မင်းသမီး Justina Machado တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ မိသားစု ဟာသဒရမ်မာကားလေး ဖြစ်ပါတယ်။ မက်နဲ့ ကိတ်ဆိုတာက သားနှစ်ယောက်ရှိတဲ့ လင်မယားတွေဖြစ်ပြီး မက်က ကြော်ငြာအေဂျင်စီအလုပ်နဲ့ ကိတ်က ဘဏ်က လက်ထောက်မန်နေဂျာတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကိုယ်စီအလုပ်တွေက ရှုပ်ရတဲ့အထဲ မျောက်လောင်းနှစ်ကောင်ကပါ ဝေဒနာတွေပေးနေလို့ လင်မယားနှစ်ယောက် ပင်ပန်းစွာ ဖြတ်သန်းနေကြရတာပေါ့။ ဒီလိုနဲ့ တစ်ရက်ကျ ကိတ်တို့ဘဏ်ကို ဓားပြလာတိုက်တဲ့အခါ ကိတ်အနေနဲ့ ဘာမှမဖြစ်ပေမဲ့လည်း သေနတ်နဲ့ အချိန်ခံလိုက်ရတာ ထရောမာအကြီးကြီးဝင်သွားပြီး ခန္ဓာကိုယ်ကတော့ ၄၅ နှစ်အရွယ်ဆိုပေမဲ့ စိတ်က ကောလိပ်ကျောင်းသူ ၁၉ နှစ်အရွယ်ကို ပြန်ရောက်သွားပါတော့တယ်။ ဆိုတော့ ၁၉ နှစ်ရွယ်စိတ်နဲ့ ၄၅ နှစ် အိမ်ထောင်ရှင်မကြီး ကိတ်တစ်ယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရယ်မောစရာလေးတွေ ဘဝသင်ခန်းစာလေးတွေနဲ့ ဖော်ကျူးထားတဲ့ကားလေး ဖြစ်ပါတယ်ဗျာ…။ File size… 1.3 GB /800 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder…B Coder Translated by Thura

ဇာတ်လမ်းအကြောင်း