Umamusume: Pretty Derby – Beginning of a New Era
Umamusume: Pretty Derby - Beginning of a New Era (2024) IMDb - 7.4/10, MyAnimeList - 8.6/10 ပြေးလွှားဖို့အတွက်ကံကြမ္မာနဲ့ မွေးဖွားလာကြတဲ့ မြင်းကောင်မလေးတွေက ဘာပဲလုပ်လုပ် မပြေးဘဲနဲ့မနေနိုင်ကြပါဘူး။ ဂျန်ဂယ်ပေါ့ကတ်လို့ခေါ်တဲ့ ကောင်မလေးက တစ်ရက်မှာ သူငယ်ချင်းတွေနဲ့အတူတူ အပြေးပြိုင်ပွဲကို လာကြည့်ရင်း ဖူဂျိခိဆဲခိဆိုတဲ့ အပြေးသမားနိုင်သွားတာကို မြင်သွားတဲ့အခါ သူလည်း အဲဒီလိုမျိုးပြေးချင်တယ်၊ အမြန်ဆုံးမြင်းကောင်မလေးဖြစ်ချင်တယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဂျန်ဂယ်က ဖူဂျိရဲ့နည်းပြဖြစ်တဲ့ နာဘဲလက်အောက်မှာ လေ့ကျင့်ဖို့ဖြစ်လာပါတယ်။ ဖူဂျိကလည်း အကြောင်းတစ်ခုကြောင့် အပြေးသမားအဖြစ်ကနှုတ်ထွက်ခဲ့ရပြီး ဂျန်ဂယ့်ကို အတူတူစောင့်ရှောက်ပေးဖြစ်ခဲ့ပါတယ်။ ဂျန်ဂယ်တစ်ယောက် ဘယ်လိုမျိုးပြိုင်ဘက်တွေနဲ့ တွေ့ဆုံရမလဲ... ဖူဂျိကရော ဘာအကြောင်းတွေကြောင့် အနားယူခဲ့တာလဲ... ပြန်ပြီးရော ပြေးဖို့ဖြစ်နိုင်ပါတော့မလား... Umamusume ကို 2016 မှာ Mobile Game အဖြစ် စတင်မိတ်ဆက်ခဲ့ပြီး 2018 မှာ Anime Series အဖြစ် စတင်ထုတ်လွှင့်ခဲ့တာပဲဖြစ်ပါတယ် Anime Series ကတော့ လက်ရှိအချိန်အထိ Season သုံးခုထွက်ရှိထားပြီးဖြစ်ပါတယ်။ Manga အနေနဲ့လည်း ထွက်ရှိထားပါသေးတယ်။ အမျိုးအစားကတော့ Sport ဖြစ်လို့ အားကစားကိုစိတ်ဝင်စားကြတဲ့သူတွေအနေနဲ့ စိတ်ကျေနပ်ကြမှာပါ...။
ဇာတ်လမ်းအကြောင်း