ဇာတ်ကားများ ရွေးရန်

Jenma Natchathiram

2025ဇာတ်ကား

Jenma Natchathiram (မှန်းချက်နဲ့နှမ်းထွက်မကိုက်) ပရိသတ်ကြီးအတွက် ၂၀၂၅ ခုနှစ်ထုတ် သဘာဝလွန် ဟော်ရာကားတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အရင်ခေတ်က ဇာတ်ကားဟောင်းတစ်ခုကို remake ထားတာဖြစ်ပြီး ဒါရိုက်တာ B. Manivarman ဟာ ဇာတ်လမ်းဟောင်းရဲ့ အငွေ့အသက်ကို ခေတ်မီအမြင်နဲ့ ပေါင်းစပ်တင်ဆက်ထားပေးပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ငွေကြေးခက်ခဲနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ဦးနဲ့ သူ့ရဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်တို့အပါအဝင် သူ ငယ်ချင်းခြောက်ယောက်ဟာ စွန့်ပစ်ထားတဲ့ အိမ်ကြီးတစ်လုံးမှာ လျှို့ဝှက်သိမ်းဆည်းထားတဲ့ ငွေတွေကို သွားရောက်ရှာဖွေရာကနေ စတင်ပါတယ်။ ငွေရှာဖွေရင်းနဲ့ သူတို့ဟာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေကို ကြုံတွေ့ရပြီး အသက်ရှင်ဖို့အတွက် ရုန်းကန်ကြရတဲ့ ဇာတ်လမ်းမျိုးပါ။ ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းသလို တစ်ချိန်တည်းမှာပဲ ထိတ်လန့်စရာအခိုက်အတန့်တွေကို ဖန်တီးဖို့ ကြိုးစားထားပါတယ်။ သရုပ်ဆောင်တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကင်မရာပိုင်းဆိုင်ရာ ရိုက်ချက်တွေက ချီးကျူးစရာပါ။ Taman Akshaan နဲ့ Malvi Malhotra တို့ရဲ့ သရုပ်ဆောင်မှုက အားကောင်းပြီး ဇာတ်ရုပ်တွေကို ပီပြင်အောင် သရုပ်ဖော်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရုပ်ရှင်ရဲ့ ရိုက်ကူးထားတဲ့ ပုံစံတွေနဲ့ နောက်ခံတေးဂီတကလည်း လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာပါ ထုံးစံအတိုင်း ပရိသတ်ကြီးကပဲ ရင်ခုန်ခံစားရင် ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size… 1.6 GB / 800 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder…B Coder Translated by B Team

ဇာတ်လမ်းအကြောင်း