Preman
နားမကြားတဲ့ အမျိုးသားတစ်ယောက်ဟာ လူမိုက်ဂိုဏ်းတစ်ခုမှာ အလုပ်လုပ်လာတာ ကြာပါပြီ။ ဒီအလုပ်ကြောင့်ပဲ ဇနီးဖြစ်သူက သူ့ကို စွန့်ခွာသွားခဲ့ပြီး သားလေးတစ်ယောက်နဲ့အတူ ဘဝကို ရင်ဆိုင်နေရတယ်။ နဂိုက စိတ်ထားကောင်းသူဖြစ်ပေမဲ့ သူ့ပတ်ဝန်းကျင်နဲ့ အခြေအနေတွေက ဒီဘဝကနေ ရုန်းထွက်ဖို့ ခက်ခဲစေခဲ့ပါတယ်။ တစ်နေ့မှာတော့ သားအဖနှစ်ယောက်လုံး အသက်အန္တရာယ်နဲ့ ကြုံလာရတယ်။ အရင်လိုဘဝမျိုး ပြန်ရဖို့နဲ့ ပျော်ရွှင်မှုကို ပြန်ရှာတွေ့ဖို့ ဘာတွေ စတေးရမလဲဆိုတာကို ဆက်ပြထားတဲ့ အင်ဒိုနီးရှား အက်ရှင်၊ မှုခင်းဒရာမာဇာတ်ကားပါ။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ မဒူဆာအကြောင်းနဲ့ သူရဲကောင်း၊ မကောင်းဆိုးဝါးဆိုတဲ့ အမြင်နှစ်မျိုးကို ပြောထားပါတယ်။ ပိုဆိုက်ဒွန်ရဲ့ လိင်အကြမ်းဖက်မှုကို ခံခဲ့ရတဲ့ လှပတဲ့မိန်းမပျို မဒူဆာဟာ နတ်ဖုရားမတစ်ပါးရဲ့ အပြစ်ပေးမှုကြောင့် မြွေတစ်ပိုင်း၊ လူတစ်ပိုင်း ဖြစ်သွားပြီး နောက်ဆုံးမှာ ပါစီးယက်ရဲ့ ခေါင်းဖြတ်ခြင်းကိုပါ ခံခဲ့ရတယ်။ လူတွေအတွက် ပါစီးယက်က သူရဲကောင်းဖြစ်ပေမဲ့ မဒူဆာဘက်က ကြည့်ရင်တော့ သူတို့ဟာ မကောင်းဆိုးဝါးတွေပဲဆိုတဲ့ စကားပါ။
ဇာတ်လမ်းအကြောင်း