ဇာတ်ကားများ ရွေးရန်

Love Fail Repeat

2025ဇာတ်ကားအမှတ် 4.7/104K

Love Fail Repeat (2025) IMDb Rating (4.7) ၂၀၂၅ထွက် Rom-Com ဇာတ်ကားအသစ်လေးလာပါပြီဗျာ။ ရည်မှန်းချက်နဲ့ အိပ်မက်ပျောက်ဆုံးနေတဲ့ အေမီက သူမရဲ့မိခင်ပိုင်တဲ့ ကြယ်ငါးပွင့်ဟော်တယ်မှာ တောက်တိုမယ်ရ လုပ်ကိုင်နေသူတစ်ယောက်ပါ။ မိခင်ရဲ့ယုံကြည်မှုကို မရသေးတဲ့သူမအတွက် လုပ်ငန်းလုပ်ရာမှာလည်း စိတ်မပါဘဲ အမြဲအရွဲ့တိုက်ပြီးလုပ်လေ့ရှိပါတယ်။ သူတို့ဟော်တယ်မှာ အလုပ်ရှုပ်မယ့်နေ့တစ်ရက်ရောက်လာပါတော့တယ်။ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ လာတည်းပြီး ဇာတ်ကားပရိုမိုးရှင်းလာဆင်းကြမှာဖြစ်ပါတယ်။ မင်္ဂလာဆောင်အခမ်းအနားလုပ်ရမှာရော၊ မွေးနေ့ပါတီပွဲကျင်းပရမှာရော တာဝန်တွေ များလာခဲ့ပါတယ်။ ဒါပေမယ့် အေမီလုပ်ရမှာတော့မဟုတ်ပါဘူး... သူက နဂိုကတည်းက တောက်တိုလုပ်ရတာဆိုတော့။ တစ်ရက်မှာ အေမီတစ်ယောက်အိပ်ရာက နိုးထလာချိန်မှာတော့ သူမဟာ မနေ့ကနေ့ရက်ကို ပြန်ရောက်နေတာကို သတိထားမိလိုက်ပါတယ်။ မနေ့ကဖြစ်ခဲ့သမျှဟာ ပြန်ဖြစ်နေပြီး အချိန်စက်ဝိုင်းတစ်ခုထဲမှာ ပိတ်မိနေမှန်းသိလိုက်ရပါတယ်။ ဖြစ်ရပ်ဆန်းကြယ်ထဲကိုရောက်နေတဲ့ သူမရဲ့ သမားရိုးကျဘဝလေးထဲကို ချောမောပြီး သူမရဲ့ အချိန်စက်ဝိုင်းကို ဖျက်ပစ်နိုင်မယ့် အဓိကသော့ချက်ဖြစ်တဲ့ ရုပ်ရှင်မင်းသားလေးတစ်ယောက် ဝင်လာတဲ့အခါမှာတော့ ဘာတွေဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါခင်ဗျာ။ ကာရေဘီရန်ကျွန်းရဲ့ အလှအပများကို တွေ့မြင်ရမှာဖြစ်ပြီး ဘဝမှာနေ့ရက်တစ်ရက်တည်းရှင်သန်ရတဲ့အခါ သိလာရမယ့် အတွေးအခေါ်များကိုလည်း ပြသထားတဲ့ကားလေးဖြစ်ပါတယ်။ File size… (5.1 GB) / (1.6 GB) / (960 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Fantasy,Romance Duration…. 01:19:26 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း