ဇာတ်ကားများ ရွေးရန်

Crayon Shin-chan the Movie: Our Dinosaur Diary

2024ဇာတ်ကားအမှတ် 5.6/10106 မိနစ်

Crayon Shin-chan: Our Dinosaur Diary (2024) IMDb - 6.6/10, MyAnimeList - 7/10 ဒီကားလေးကတော့ Crayon Shin-chan Series ထဲက ၂၃ ကားမြောက်ဖြစ်ပြီး Rating ကောင်းလဲရရှိထားတဲ့ကားကောင်းလေးတစ်ကားပါ။ အသစ်စက်စက်ဆောက်လုပ်ထားတဲ့ အပန်းဖြေပန်းခြံတစ်ခုမှ ဒိုင်နိုဆောအစစ်တွေကိုပါပြသထားပါတယ်။ ဒီပရောဂျက်ကို Odoroki ကဦးဆောင်ကာ တိုကျိုမြို့လယ်မှာဖွင့်လှစ်ထားတာပါ။ ဒီပန်းခြံကို လာရောက်လည်ပတ်ဖို့ စစဖွင့်ခြင်းမှာတင် ၂ နှစ်စာ ဘိုကင်တွေပြည့်သွားလောက်အောင် လူအများရဲ့အာရုံစိုက်ခြင်းခံထားရပါတယ်။ Shin-chan ကတော့ သူ့ရဲ့ငါးနှစ်သားအရွယ် နွေရာသီကို ကမ်းခြေမသွားရဘဲ အိမ်မှာပဲသောင်တင်ဖြတ်သန်းနေရပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာသူနဲ့သူ့သူငယ်ချင်းတွေ ဒိုင်နိုဆောပန်းခြံကိုလည်ပတ်ခွင့်ရပြီး ဂိုက်ဖြစ်သူ Angela-chan နဲ့ဆုံခဲ့ကြတယ်။ အိမ်ပြန်ရောက်ပြီးနောက်နေ့မှာ Shin-chan နဲ့ သူ့ခွေးလေး Shiro ဟာ ဒိုင်နိုဆောကလေးလေးတစ်ကောင်နဲ့ အမှတ်မထင်တွေ့ပြီး အိမ်ကိုခေါ်မွေးစားလိုက်ပါတယ်။ ဒီဒိုင်နိုဆောလေးကို ပြန်ခေါ်ဖို့ Odoroki ဘက်က အသည်းအသန်ကြိုးစားပါတော့တယ်။ ဒိုင်နို‌ဆောပန်းခြံရဲ့ လျှို့ဝှက်ချက်က ဘာလဲ...။ ဒီ ဒိုင်နိုဆောကလေးလေးကိုရော အသည်းအသန်ပြန်လိုချင်နေတာဘာကြောင့်လဲ...။ Shin-chan တို့ကရော ဒီကလေးလေးကိုကာကွယ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

ဇာတ်လမ်းအကြောင်း