ဇာတ်ကားများ ရွေးရန်

Complotul Bonelor

2024ဇာတ်ကားအမှတ် 8.0/10109 မိနစ်

Complotul Bonelor (2024) ++++++++++ အိမ်ထောင်ပြုခြင်းဆိုတာ ဘဝရဲ့ ခရီးရှည်တစ်ခုကို အဖော်မွန်နဲ့အတူတူ လက်တွဲလျှောက်လှမ်းရတာပါ။ ဒါပေမဲ့ တစ်ခါတရံမှာ ဒီလမ်းခရီးက ဖြောင့်ဖြူးမနေဘဲ အကွေ့အကောက်တွေ၊ အတားအဆီးတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘဝအတွေ့အကြုံအရ အိမ်ထောင်တစ်ခုဆိုတာ "မီးခိုးကြွက်လျှောက်" ဆိုတဲ့ စကားပုံနဲ့ ထပ်တူကျလွန်းလှပါတယ်။ အထူးသဖြင့် ကလေးတွေရှိတဲ့ မိသားစုတစ်ခုမှာ အိမ်ထောင်ပြုပြီးတဲ့နောက်မှာ လမ်းခွဲကြတဲ့အခါ ကလေးတွေရဲ့စိတ်ထဲမှာ မီးခိုးတွေလို လှည့်လည်နေတတ်တဲ့ ခံစားချက်တွေ ပေါ်လာပါတယ်။ သူတို့အတွက် အရင်က ပုံမှန်ရှိခဲ့တဲ့ မိသားစုပုံရိပ်ဟာ ပျက်စီးသွားပြီး နောက်ထပ်အိမ်ထောင်သစ်တစ်ခုဆိုတာကလည်း မီးခိုးတွေလို မမြင်ရတဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်စေပါတယ်။ စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးဗာဂျီးလ်က အိမ်ထောင်သုံးခါကျထားပြီး ကလေးကိုးယောက်နဲ့အတူနေထိုင်နေတဲ့သူပါ။ တစ်ရက်မှာ သူက လေးခါမြောက်အိမ်ထောင်ပြုဖို့ အကြောင်းဖန်လာတော့ သူရဲ့သားသမီးကို ဒါကို လက်မခံချင်ကြပါဘူး။ သူတို့ဟာ အသစ်ဝင်လာမယ့်သူကို လက်ခံဖို့ ခက်ခဲနိုင်သလို၊ မိဘရဲ့ ချစ်ခြင်းမေတ္တာတွေ ခွဲဝေခံစားရမှာကိုလည်း စိုးရိမ်နေကြပါတယ်။ အဲဒီတော့ သူတို့ရဲ့အိမ်ဖော်သုံးယောက်ထဲက တစ်ယောက်နဲ့ သူ့အဖေကို လက်ထပ်ပေးဖို့စီစဥ်ပါတော့မယ်။ ကလေးတွေဟာ အသက်အရွယ်နဲ့ စရိုက်အမျိုးမျိုးရှိပြီး၊ ဗာဂျီးလ်ရဲ့ အချစ်ရေးနဲ့ မိသားစုဘဝမှာ မထင်မှတ်ထားတဲ့ အခြေအနေတွေ ပေါ်ပေါက်လာတဲ့အခါ,,,, File Size… (1.68GB) / (784MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 49m Genre ….Comedy Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း