Manhattan
Manhattan (1979 ) မန်ဟက်တန်ရုပ်ရှင်က နယူးယောက်ကို ဝူဒီအယ်လန် ပေးခဲ့တဲ့ အလှဆုံး ရည်းစားစာတစ်ပုဒ်ပဲ။ ဒီလိုပြောရတဲ့ အကြောင်းရင်းက တစ်ခုတည်းတော့ မဟုတ်ဘူး။ မန်ဟက်တန်ရုပ်ရှင်က နယူးယောက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မန်ဟက်တန်က လူနေမှုဘဝကို အခြေခံထားရော။ မန်ဟက်တန်က လူတွေရဲ့ ဘဝကို ပြထားတာရော။ နောက် မက်ဟက်တန်မြို့ရဲ့ မြင်ကွင်းတွေကို အလှဆုံး ပုံဖော်ထားတာကြောင့်ရောပေါ့။ သူ့အဖွင့်က Midnight in Paris နဲ့ အတူတူပဲလို့ ပြောလို့ရတယ်။ Midnight in Parisကလည်း ပါရီအတွက် သူ့ရည်းစားစာ ဖြစ်နေခဲ့တယ်ကိုး။ ထူးတာက ဒီမန်ဟက်တန် ရုပ်ရှင်ထဲက နယူးယောက်ရဲ့ လှပခြင်းမျိုးကို ဘယ်ရုပ်ရှင်မှာမှ ကျွန်တော် မတွေ့ဖူးဘူး။ ဝူဒီအယ်လန် ကိုယ်တိုင်ဆီမှာတောင် မမြင်ဖူးဘူး။ အဖြူအမည်းပဲ သုံးပြီး ပုံဖော်ထားတာပေမဲ့ အဲဒီအဖြူအမဲနဲ့ ပုံဖော်ထားတာကိုက အများကြီး ပိုအသက်ဝင်နေတယ်။ အထူးသဖြင့် မန်ဟက်တန်ညတွေ အဖြူအမည်းနဲ့ ပုံဖော်ထားတာက မတရားလှတယ်။ ညကလည်း မည်းနေတယ်။ မိုးထိတိုက်ကြီးတွေကလည်း မည်းနေတယ်။ အမည်းရောင် ပြင်ကြီးပေါ့။ အဲဒီပြင်ကြီးပေါ်မှာ ကျွန်တော်တို့ မြင်ရတဲ့ အဖြူပျပျက သူ့မြို့ပြက ညမီးတွေရဲ့ အလင်းပဲရှိတယ်။ သူလည်း ကြိုက်လို့ ထင်ပါတယ်။ ညတွေကို ဒီလိုပုံဖော်ထားတဲ့ အခန်းမျိုး အများကြီး ထည့်ထားတယ်။ မြို့ပြတစ်ခုကို ပုံဖော်ရာမှာ ညတွေမပါဘဲ အလကားပဲမလား။ လူတွေ လမ်းမီးအဝါတွေ လမ်းမတွေ တကယ်လို့ ရှိခဲ့ရင် မိုးစက်တွေ.. ရေစိုနေတဲ့ လမ်းတွေနဲ့မှ အသက်ဝင်လိမ့်မယ်။ ကျွန်တော့် အမြင်တော့ မြို့ကြီးပြကြီးတွေဟာ ညတွေမှာပဲ အသက်ဝင်တဲ့ နေရာမျိုးပဲ။ ညတွေ အသက်မဝင်တဲ့ မြို့ပြတွေဟာ သေနေတဲ့ မြို့ပျက်တွေပါပဲ။ မန်ဟက်တန်ရဲ့ ဒီလိုညတွေကို အသက်သွင်းနိုင်ခဲ့တဲ့ အပိုင်းကိုတော့ အယ်လန်ထက် Gordon Willisကို ပို အမွှမ်းတင် ရလိမ့်မယ်။ အယ်လန်ရဲ့ တခြားနာမည်ကြီး ဖလင်ဖြစ်တဲ့ Annie Hall ကိုရော အလန်ရဲ့ All the Presidentကိုရော ကော်ပိုလာရဲ့ The Godfather သုံးကားလုံးကိုရော စီနီမာတိုဂရပ်ဖာ လုပ်ခဲ့တဲ့ သူပေါ့။ Honorary Academy Award တောင် ရထားသေးတယ်။ သူ့လိုက်တင်စကေးကြောင့် မဟုတ်ရင် ဒီကားက ဒီလောက်မလှဘူးလို့တောင် ချီးကျူးထားကြတာတွေ ရှိတယ်။ ဇာတ်ကြောင်းကတော့ မန်ဟက်တန်က ရှုပ်ထွေးတဲ့ လူနေမှု ရှုပ်ထွေးတဲ့ အချစ်ဘဝတွေအကြောင်းဆိုတော့ ဒီထက် ပိုကောင်းတဲ့ ရည်းစားစာတော့ နယူးယောက် အနေနဲ့ ရဖို့ရှိမယ် မထင်ဘူး။ မန်ဟက်တန်ရဲ့ ဇာတ်လမ်းက မန်ဟက်တန်ကလွဲ တခြား ဘယ်နေရာမှာမှ အသက်မရှင်နိုင်တဲ့ လူတစ်ယောက်အကြောင်းလို့လည်း ပြောလို့ရတယ်။ အိုင်းဆက်စ်ဆိုတဲ့လူပေါ့။ ဝူဒီအယ်လန် ကိုယ်တိုင် သရုပ်ဆောင်ထားတယ်။ ဇာတ်ကောင်ကလည်း သူ့ကို တော်တော် ထင်ဟပ်တဲ့ ဇာတ်ကောင်ပါပဲ။ ဒါကလည်း ဥရောပနယူးဝေ့အလွန်မှာ အမေရိကန်ဘက် ကိုယ့်ကိုယ်ကိုယ် ထင်ဟပ်တဲ့ ဇာတ်လမ်းတွေ အရိုက်များလာကြတဲ့ အရှိန်ကြောင့် Annie Hallက စပြီး ဝူဒီအယ်လန် ဒီလိုပုံပြောင်းရိုက်ခဲ့လို့လည်း ပါတယ်။ အိုင်းဆက် ဇာတ်ကောင်ရဲ့ အရာရာတိုင်းက ဝူဒီအယ်လန်ကို ထင်ဟပ်နေတယ်။ ဥပမာဆို - ဟာသရှိုးတွေ ရေးတဲ့ စာရေးဆရာ ဖြစ်နေတာတို့, အရာရာကို အမြဲ သရော်တတ်တာတို့ အနုပညာပစ္စည်းကို ပညာရှင်ယောင်ယောင် အမြင်နဲ့ သုံးသပ်ကြတာကို ငေါ့တာတို့ သူ့ဘဝရဲ့ ဖလော်ဆော်ဖီဖြစ်တဲ့ သေခြင်းတရားကို တွေးပူတာတို့ ရေးရင်တော့ ကုန်မှာ မဟုတ်ဘူး။ သူ့မှာ ဘော်ဒါတစ်ကောင်ရှိတယ်။ တစ်ကောင်ပဲနော်။ သူ့ဘော်ဒါနဲ့ သူက ဖလော်ဆော်ဖီပိုင်း အမြဲငြင်းရတယ်။ နောက် သူ့မှာ သူဘာလုပ်လုပ် အကုန်ကောင်းနေတဲ့ ရည်းစားတစ်ယောက် ရှိတယ်။ အဲဒီကောင်မလေးက ၁၇နှစ်ပဲ ရှိသေးတယ်။ ဝူဒီအယ်လန့် ဇာတ်ကောင် အိုင်းဆက် အသက်က ၃၆။ ကြည့် အပြင်က ဝူဒီအယ်လန်ကို ထင်ဟပ်ချက်ပဲ။ တစ်ချို့ဆို ဝူဒီအယ်လန်က အစကတည်းက သူ့ရုပ်ရှင်တွေမှာ သူ့ပုံစံအစစ်ကို ပြထားပြီးသားလို့ ပြောကြတယ်။ ဟုတ်ချင်လည်း ဟုတ်မှာပါ။ ဒီမှာတော့ ကျွန်တော့်မှာ ဒွိဟ တစ်ခုရှိတယ်။ သူ့အတွေးအခေါ်အတိုင်း အတိအကျပဲ သူ့ဇာတ်ကောင်ကို သူ ဖန်တီးခဲ့တာလား။ သူဖန်တီးတဲ့ ဇာတ်ကောင်ကပဲ သူဒွိဟဖြစ်နေခဲ့တဲ့ သူ့အတွေးအခေါ်တစ်ချို့ကို ပြောင်းလဲပစ်လိုက်သလား ဆိုတာပေါ့။ ရုပ်ရှင်ရဲ့ အဆုံးသတ်မှာ ဒီကိစ္စကို ကျွန်တော် မသည်းကွဲတော့ဘူး။ အိုင်းဆက်ရည်းစား ကောင်မလေး နေရာက သရုပ်ဆောင်တာက အားနက်စ်ဟဲမင်းဝေးရဲ့ သားအကြီးဆုံးကမွေးတဲ့ ဟဲမင်းဝေး မြေး မာရီရယ် ဟဲမင်းဝေး။ သူ့ဇာတ်ကောင်က ညီမလေး အချစ်ကို ကိုးကွယ်သတဲ့လား ဆိုတဲ့ ဇာတ်ကောင်မျိုးလို့ ပြောရမယ်။ အိုင်းဆက်က အသက်မပြည့်သေးတဲ့ ကလေးမလေးကို တွဲနေပေမဲ့ တွဲတောင်တွဲပြီးမှပဲ သူတော်ကောင်းယောင် အမြဲဆောင်တယ်။ ငါ့ကို မတွယ်တာနဲ့တို့။ ငါနဲ့က ခဏပဲ ပြီးရင် မင်းဘဝ မင်းဆက်လျှောက်ရမှာ။ ဒီအချစ်ထက် ပိုလေးနက်တဲ့ အချစ်တွေ အများကြီး ကြုံရဦးမှာတို့ပေါ့။ ဒါပေမဲ့ ကလေးမလေးက သူ့ကိုပဲ အရမ်း တွယ်တာ နေခဲ့တယ်။ အရင်က ကြည့်ခဲ့တဲ့ လူတွေတော့ ဒီလိုလူတွေကို သရော်ထားတာလို့ ထင်ခဲ့ကြပေမဲ့ အခုကျ သရော်ထားတာထက် သူ့ကိုယ်သူ ပြန်သရုပ်ဖော်ထားတယ်လို့ မြင်ကြတယ်။ ကျွန်တော်တို့လည်း သူ့ကိစ္စကို မသိခဲ့ရင် ဒီလိုပဲထင်မှာပါပဲ။ ဒါပေမဲ့ ဒီလိုဇာတ်ကောင်တောင် ရိုက်ပြီးမှတော့ တွဲလည်းတွဲ သူတော်ကောင်းယောင်လည်း ဆောင်မယ်လို့တော့ မထင်လှဘူး။ ပြောရရင် အိုင်းဆက်ရယ် သူ့ကောင်မလေးထရေစီရယ် သူ့ဘော်ဒါယေးလ်ရယ် သူ့ဘော်ဒါမိန်းမ အမ်မလီရယ် ဆိုင်တစ်ဆိုင်ထိုင်ရာကနေ ဇာတ်ကစတယ်။ အပြန်မှာ ယေးလ်က အိုင်းဆက်ကို သူ့အငယ်အနှောင်းအကြောင်း ပြောပြတယ်။ အဲဒီအငယ်အနှောင်းနာမည်က မေရီ။ Diane Keatonက သရုပ်ဆောင်ထားတယ်။ တစ်နေ့ပြပွဲတစ်ခုက အပြန်မှာ အိုင်းဆက်တို့ အတွဲနဲ့ ယေးလ်နဲ့ သူ့အငယ်အတွဲ တွေ့တယ်။ သူ့အငယ်ဇာတ်ကောင်က ဝူဒီအယ်လန် မုန်းတဲ့ စရိုက်မျိုးပဲ။ သူ့အငယ် လက်ချာတွေ ရိုက်နေတဲ့ ဇာတ်ဝင်ခန်းက Midnight In Parisထဲ ဗာဆိုင်းနန်းတော်ထဲက ဇာတ်ဝင်ခန်းနဲ့ အတူတူလိုပါပဲ။ ပြောရရင် ဒီမှာ အိုင်းဆက်က မေရီကို သူ့စကားလုံးတွေ နားထောင်ပြီး တော်တော်အမြင်ကတ်နေတာ။ ါပေမဲ့ နောက်ကျ ယေးလ်က မေရီ့ကို ဖြတ်သွားတော့ အိုင်းဆက်လည်း ထရေစီကို ဖြတ်ပြီး သူနဲ့တွဲဖြစ်သွားတယ်။ ကိုယ်အမြင်ကတ်တယ်ပြောခဲ့တဲ့ လူနဲ့တွဲပြီး ကိုယ့်ကိုချစ်တဲ့လူကို ကောင်းစားဖို့ စွန့်လွှတ်တာပါဆိုပြီး အကြောင်းပြချက်ပေးပြီး ဖြတ်တဲ့ တကယ့် မထော်မနန်းကောင်ပါပဲ။ တကယ်တမ်း အဲဒီရှေ့က ဆက်ဆံရေးတွေမှာလည်း အဆင်မပြေခဲ့ပါဘူး။ Meryl Streepက သူ့ဇနီးဟောင်းနေရာက သရုပ်ဆောင်ထားသေးတယ်။ သူ့ကာရိုက်တာအကြောင်း ဆက်ပြောရင်လည်း ဇာတ်က ကုန်မှာဆိုတော့ ဒီမှာပဲ ရပ်လိုက်ပါမယ်။ အတိုချုံးဆို နယူးယောက်ကို ပုံဖော်ရင်း အိုင်းဆက်ရယ် သူ့ရည်းစားရယ် သူ့ဘော်ဒါအငယ်အနှောင်းရယ် သူ့အရင်မိန်းမရယ် စသဖြင့် အိုင်းဆက်စ်ရဲ့ အချစ်ဘဝကို တွဲဖက် ပုံဖော်ထားတယ်။ ဆိုတော့ နယူးယောက်က မခွာနိုင်တဲ့ လူတစ်ယောက်ရဲ့ နယူးယောက်က အချစ်ဇာတ်လမ်းတွေအကြောင်းပေါ့။ နယူးယောက်က မခွာနိုင်တဲ့ အချက်က သူ့အချစ်ဇာတ်တွေကို တော်တော်သက်ရောက်မှုရှိလို့ ထည့်ထည့်ပြောနေရတာပါ။ ဒီဇာတ်လမ်းမှာ ရိုမန့်တစ်တော်တော်ဆန်တဲ့ ဇာတ်ဝင်ခန်းတစ်ခုပါတယ်။ ရိုမန့်တစ်ဆန်တယ်လို့ ပြောလို့ရလားတောင် မသိပါဘူး။ တော်တော် အတ္တကြီးတယ်လို့တောင် ပြောလို့ရတဲ့ ဇာတ်ဝင်ခန်းလည်း ဖြစ်နေတယ်။ တကယ်လို့ လူတွေဟာ အတ္တကြီးတာကလည်း လိုအပ်သလို ရိုမန့်ကို လိုအပ်တယ်ဆိုတဲ့ ဒွိဆန်တဲ့ အခြေအနေတစ်ခုက မှန်တယ်ဆိုရင်တော့ ဒီအခန်းက တော်တော် လက်တွေ့ကျတယ်။ ဆိုဖာပေါ် ထိုင်နေရင်း အိုင်းဆက်က တစ်ယောက်တည်း စကားတွေ ပြောနေတယ်။ " ဘဝက ဘာလို့ ရှင်သန်ဖို့ တန်တာလဲ။ သိပ်ကောင်းတဲ့ မေးခွန်းပဲ။ တန်အောင် လုပ်ပေးထားတဲ့ အရာတစ်ချို့တော့ ရှိတယ် ထင်တာပဲ။ ငါ့အတွက်ဆို... ဂါရူချိုမာ့စ်ကလည်း အကြောင်းရင်း တစ်ခုပဲ။ ဝီလီ မေရောပေါ့။ ပြီးတော့ ဂျူပီတာဆင်ဖိုနီရဲ့ ဒုတိယတေးသွား။ နောက် လူးဝစ်အမ်းစတောင်းရဲ့ Potato Head Blues ဓာတ်ပြား။ ဆွီဒင်ရုပ်ရှင်တွေရောပေါ့။ မာလွန်ဘရန်ဒို ဖရန့်စင်နာထရာ။ ပြီးတော့ Cézanne ပန်းချီကားထဲက သိပ်လှတဲ့ ပန်းသီးနဲ့ သစ်တော်သီးတွေ။ ဆမ်ဝိုဆိုင်က ဂဏန်း။ ထရေစီ့ မျက်နှာ။" ဒါတွေ ပြောပြီးတော့ တစ်စုံတရာကို သတိရသွားပြီး ထရေစီ့ကို သူဖုန်းဆက်ကြည့်လိုက်တယ်။ မအားဘူး။ မန်ဟက်တန်ရဲ့ လမ်းမပေါ် ပြေးထွက်လာတယ်။ တက္ကစီငှားဖို့ လုပ်လိုက်သေးတယ်။ မန်ဟက်တန်မလား ကားလမ်းက ပိတ်နေတယ်။ ဒီတော့ မန်ဟက်တန်ရဲ့ လမ်းတွေပေါ် သူ ပြေးထွက်လာတယ်။ လမ်းမှာ ပီစီအိုရုံကနေ သူ ဖုန်းတစ်ခါ ထပ်ဆက် ကြည့်သေးတယ်။ မအားဘူး။ သူ ဆက်ပြေးလာတယ်။ ၂နာရီခရီးလို့ ပြောတာပဲ။ ထရေစီနေတဲ့ နေရာကို ရောက်လာတယ်။ ဘာလာလုပ်တာလဲလို့ ထရေစီက မေးတော့ ဖုန်းဆက်မရလို့ ၂နာရီခရီးကို သူပြေးလာခဲ့တဲ့အကြောင်းပြောတယ်။ လန်ဒန်ကို သွားတော့မယ် ထရေစီကို မသွားဖို့ တောင်းပန်တယ်။ ဒီအခန်းက သိပ်ရိုမန့်တစ် ဆန်တဲ့ ဇာတ်ဝင်ခန်း ဖြစ်သွားရမှာပါ။ ဒါပေမဲ့ မဖြစ်သွားခဲ့ပါဘူး။ ရှေ့က ပြလာတဲ့အရာအားလုံးမှာ ဒီဇာတ်ဝင်ခန်းကို တန်ပြန်ချေဖျက်နိုင်တဲ့ အရာတွေ ပါလာပြီးသား ဖြစ်နေလို့ပါပဲ။ ရှေ့ကဟာတွေအကုန် မေ့ပြီး သူ့ချည်းဆိုရင်တော့ ရိုမန့်တစ် ဆန်ချင် ဆန်ပါလိမ့်မယ်။ ဒါပေမဲ့ ရှေ့က သူလုပ်ခဲ့တာတွေနဲ့ ပြန်ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ဒီဇာတ်ဝင်ခန်းက သူ့အတ္တကို မီးမောင်းထပ်ထိုးပြဖို့ ဖြစ်သွားသလိုပါပဲ။ အိုင်းဆက်လိုမျိုး အစွန်းတစ်ဖက် မရောက်လွန်းရင်တောင် ကျွန်တော်တို့ပြောတဲ့ အချစ်တွေမှာလည်း တစ်စိတ်တစ်ဒေသတော့ ဒီလို ပါကောင်းပါမှာပါ။ ကျွန်တော့်အမြင်ကတော့ ပါတယ်။ စိတ်ပျက်စရာကောင်းလောက်တဲ့ ဒီလိုကာရိုက်တာမျိုးနဲ့ ဒီအခြေအနေကို ပုံဖော်နိုင်တာကတော့ ဝူဒီအယ်လန်ရဲ့ သမ္မာပေါ့။ ကျွန်တော် တော်တော်မှန်တယ်လို့ ထင်တဲ့ ကဗျာဆရာ နေမျိုးရဲ့စာသားတစ်ခုရှိတယ်။ "လူတစ်ယောက်ဟာ ဘဝတစ်လျှောက်လုံးမှာ အလုပ်၂ခုပဲလုပ်တယ်။ ကိုယ် လိုချင်တာကို ရအောင် လုပ်တာ။ ကိုယ် မလိုချင်တာကို မရအောင် လုပ်တာ"တဲ့။ မန်ဟက်တန်ဟာ ကိုယ် လိုချင်တာကို ရအောင်လုပ်ဖို့ ကြိုးစားရင်း ကိုယ် မလိုချင်တာကို မရအောင်လုပ်ဖို့ ကြိုးစားရင်း မလိုချင်တာတွေလည်းရ လိုချင်တာတွေလည်း မရတော့တဲ့ လူတစ်ချို့အကြောင်းဆိုလည်း မမှားပါဘူး။ File size… 3.7 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ..... Romance / Drama Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း