ဇာတ်ကားများ ရွေးရန်

Same Day with Someone

2025ဇာတ်ကား119 မိနစ်

ကြမ္မာရဟတ် Castအလန်းတွေနဲ့ ပွဲထွက်လာတဲ့ နက်ဖုလစ်ထုတ် ဟာသဇာတ်လမ်းလေးတစ်ကားကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။ ချစ်ဖို့ကောင်းတဲ့ မင်းသမီးချောလေး P'Toey နဲ့ Love Destiny ထဲက မင်းသားကြီး P'Great တို့နဲ့အတူ တခြားနာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်အားဖြည့်ထားပါတယ်။ ဒီတော့ ဇာတ်လမ်းအကျဥ်းလေးကို ရှုစားကြည့်ရအောင်ပါ။ လူတစ်ယောက်နဲ့ တစ်နေ့တာကို ထပ်ခါတလဲလဲ ကြုံတွေ့ရမယ်ဆိုရင် ပြီးတော့ အဲဒီတစ်နေ့တာက ကိုယ့်ဘဝတစ်လျှောက်မှာ အဆိုးဆုံးနေ့ရက် ဖြစ်နေပြန်ရင်ရော။ သင်သာဆိုရင် ဘာလုပ်မလဲ။... မေဆာဆိုတဲ့ မိန်းကလေးက မျိုးကြီးရိုးကြီးကနေ ဆင်းသက်လာပြီး အရာရာပြည့်စုံ လူတိုင်းအားကျရတဲ့ ရွှေဘုံစံမင်းသမီးဘဝကို ပိုင်ဆိုင်ထားရသူပေါ့။ သူတို့အဘေးရဲ့ အမွေအိမ်ကြီးကို ပြတိုက်အဖြစ်ပြောင်းပြီး ကိုယ်တိုင် ပြတိုက်ပိုင်ရှင် ပြတိုက်ထိန်းသိမ်းသူအနေနဲ့ ပြတိုက်ကို ဖွင့်လှစ်ဖို့ပြင်ဆင်ထားတာပါ။ ဒီပြတိုက်မှာ ကျင်လင်ရဲ့ ရှေးဟောင်းရတနာဖြစ်တဲ့ စရီစိုင်လာကျောက်တုံးကိုပါ ပြသဖို့စီစဉ်ထားပြီး ကျင်လင်သံအမတ်ကိုယ်တိုင်ပါ လာကြည့်ဖိုစီစဉ်ထားတာပါ။ လူမှုဘဝဘက်ကိုကြည့်တော့လေ ချစ်ရသူလေးနဲ့ ရွှေလက်တွဲဖို့ကလည်း တစ်လပဲလိုတော့တဲ့အနေအထားဆိုတော့ အရာရာပြည့်စုံ ပျော်ရွှင်နေရတဲ့သူပေါ့။ ဒါပေမဲ့ ပြတိုက်ဖွင့်ပွဲနေ့မှာ ပြဿနာတက်ပြီး စရီစိုင်လာကျောက်တုံးကလည်းကျကွဲ ခင်ပွန်းလောင်းကလည်း လမ်းခွဲသွားလို့ ဘဝရဲ့အဆိုးဆုံးနေ့ရက်အဖြစ်ကုန်ဆုံးသွားတဲ့ ဒီဩဂုတ်လ ၈ ရက်က ပြန်လည်နိုးထလာချိန်မှာပါ ဩဂုတ် ၈ ရက်ပဲဖြစ်နေပြီး ဖြစ်ရပ်တွေကအစ ထပ်တူကျနေချိန်မှာတော့... Quality.....WebRip 1080p / 720p File Size.....(1.9 GB) / (1 GB) Genre.....Drama Duration.....01:59:00

ဇာတ်လမ်းအကြောင်း