ဇာတ်ကားများ ရွေးရန်

Rahsia

2024ဇာတ်ကားအမှတ် 8.5/1090 မိနစ်

Rahsia (2024) +++++++ Rahsia ဆိုတဲ့ စကားလုံးက မလေးဘာသာစကားနဲ့ ‘လျှို့ဝှက်ချက်’ လို့ အဓိပ္ပါယ်ရပါတယ်။ ဒီဇာတ်ကားမှာတော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ရမ်လာဆိုတဲ့ အမျိုးသမီးဟာ သူ့ရဲ့ ခင်ပွန်းသည်နဲ့အတူ ကလေးနှစ်ယောက်နဲ့ပါ ဖခင်ဖြစ်သူ မွေးနေ့အတွက် အလည်အပတ် သွားရောက်ခဲ့ပါတယ်။ ကမ်းခြေမှာ ကလေးတွေနဲ့ ပျော်ပွဲစား ထွက်လာရင်း သားဖြစ်သူ ဆိုင်းဖူဟာ ရုတ်တရတ် ပျောက်ဆုံးသွားတာပါ။ ရဲတွေက ရေနစ်သေဆုံးသွားပြီလို့ ထင်မြင်ကြပေမယ့် ရမ်လာ နောက်ဆုံးမြင်ခဲ့ရတဲ့ မြင်ကွင်းမှာ သားဖြစ်သူ ဆိုင်းဖူနဲ့အတူ ဘေးနားမှာ အဖွားကြီးတစ်ယောက် ရပ်နေတာကို မြင်ခဲ့ရတာမို့ သူ့သား ရေနစ်တယ် ဆိုတာကို လက်မခံနိုင်ပါဘူး။ ဒါ့အပြင် နေအိမ်ပြန်လာပြီးနောက် ထူးဆန်းတဲ့ အသံတွေနဲ့ သဘာဝလွန် ဖြစ်ရပ်တွေကို စပြီး တွေ့ကြုံလာရပါတယ်။ သူတစ်ယောက်တည်း မြင်နေ ကြားနေရတာမို့ ခင်ပွန်းသည်ကပါ ရမ်လာ စိတ်ပုံမှန်မဟုတ်ဘူးလို့ သံသယ ဝင်လာပါတော့တယ်။ ရမ်လာ ကြုံဆုံရတဲ့အရာတွေဟာ အတိတ်က ဖြစ်ရပ်တွေနဲ့လည်း ဆက်စပ်နေတယ်ဆိုတာ သိလာရပြီးတော့ သူမအနေနဲ့ ပျောက်ဆုံးနေတဲ့ သားလေးကို ရှာဖွေနိုင်မလား၊ ဒီကလေးကို ဘယ်သူခေါ်သွားတာလဲ သူတို့မိသားစုရဲ့ အတိတ် လျှို့ဝှက်ချက်ကရော ဘယ်လိုတွေ ရှိနေခဲ့တာလဲ ဆိုတာကတော့…။ File Size… (902 MB) / (496 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 30m Genre ….Drama , Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း