ဇာတ်ကားများ ရွေးရန်

The A-Frame

2024ဇာတ်ကားအမှတ် 5.8/1082 မိနစ်

The A-Frame (2024) +++++++++ အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ သိပ္ပံပညာတွေ ဒိုင်မန်းရှင်းတွေဖြတ်သန်းတာတွေနဲ့ပတ်သတ်တဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ The A-Frame ဖြစ်ပြီး လက်ရှိ IMDb Rating 5.4 ရရှိထားတဲ့အတွက် မဆိုးဘူးဆိုတဲ့အနေအထားမှာရှိပြီး ထူးထူးဆန်းဆန်းတွေမှရှုစားချင်တဲ့သူတွေအတွက်ကတော့ အဆင်ပြေလောက်မဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ကတော့ ဒေါ်နာဆိုတဲ့အမျိုးသမီးဖြစ်ပြီး သူက လက်မှာအရိုးကင်ဆာကို ခံစားနေရသူတစ်ယောက်ဖြစ်ပါတယ်။ သူ့ကင်ဆာက အရမ်းကြီးမဆိုးပေမဲ့ အရှင်းပျောက်ချင်ရင်တော့ သူ့လက်ကိုဖြတ်ပစ်ရမှာဖြစ်တဲ့အတွက် ရွေးချယ်စရာမရှိကြံရာမရဖြစ်နေတုန်း ဆေးရုံမှာ သူ့ကိုလူတစ်ယောက်ကလာတွေ့ခဲ့ပါတယ်။ အဲ့ဒီလူကတော့ တခြားလူမဟုတ်ဘဲ ဆမ်ဆိုတဲ့ ကွမ်တန်သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး ဒေါ်နာ့ကို လက်ဖြတ်စရာမလိုဘဲ ကင်ဆာရောဂါပျောက်အောင်ကုသပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။ ဒီလိုနဲ့ဒေါ်နာလည်းကြံရာမရတဲ့အဆုံး အဲ့ဒီလူဆီရောက်သွားပြီး သိပ္ပံကြောင်စမ်းသပ်မှုတွေနဲ့ လက်က ကင်ဆာကိုပျောက်အောင်ကုသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆမ်ကဒီလောက်နဲ့မတင်းတိမ်နိုင်ဘဲ ဒီထက်ပိုဆိုးဝါးတဲ့ကင်ဆာတွေကို လက်တင်မကဘဲ တစ်ကိုယ်လုံးကပါပျောက်ကင်းအောင် စမ်းသပ်မှုတွေလုပ်ချင်လာတဲ့အခါမှာတော့ ဖင်မနိုင်ဘဲပဲကြီးဟင်း စားသလိုတွေဖြစ်လာမလား သူ့စမ်းသပ်မှုတွေအောင်မြင်ပြီး လူသားတွေကိုကင်ဆာပျောက်အောင် ကုပေးနိုင်တဲ့ဘုရားတစ်ပါးသဖွယ်ဖြစ်လာမလားဆိုတာကိုတော့ ကိုယ်တိုင်ပဲစိတ်ဝင်စားစွာကြည့်ရှုခံစားဖို့ ညွှန်းပေးလိုက်ချင်ပါတယ်။ File Size… (849 MB) / (465 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 22m Genre ….Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း