ဇာတ်ကားများ ရွေးရန်

House on Eden

2025ဇာတ်ကားအမှတ် 5.0/1077 မိနစ်

House on Eden (2025) ဒီဇာတ်ကားကတော့ မင်းသမီးလည်းဖြစ် ဇာတ်ညွှန်းရေးဆရာမလည်းဖြစ် ဒါရိုက်တာလည်းဖြစ်တဲ့ ဘက်စုံက တက်သစ်စအနုပညာရှင်လည်းဖြစ်တဲ့ Kris Collins ကနေ ကိုယ်တိုင်ရေး ကိုယ်တိုင်တည်းဖြတ် ကိုယ်တိုင်လည်းပါဝင်သရုပ်ဆောင်ထားတဲ့ horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ထူးခြားချက်ကတော့ Kris ကိုယ်တိုင် သူ့သူငယ်ချင်းတွေနဲ့ပဲ ပူးတွဲထုတ်လုပ် ရိုက်ကူးထားတဲ့ ၇ အတွင်းမှာပဲ ဘာဘတ်ဂျက်မှမရှိဘဲ ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဘတ်ဂျက်ဆိုရုံနဲ့အထင်သွားသေးလို့မရဘဲ သူနဲ့ထိုက်လျောက်တဲ့ဇာတ်အိမ်ကိုထိမိအောင် ရိုက်ကူးထားလို့ ကြည့်ရကျိုးနပ်မယ့် တစ်နာရီကြာဇာတ်လမ်းတစ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ခရစ်(စ်)၊ စလီနာနဲ့ ဂျေဆန်တို့ဟာ သရဲအိမ်တွေ သရဲခြောက်တဲ့နေရာတွေမှာ လိုက်နေပြီး ရိုက်ကူးလေ့ရှိတဲ့ သူငယ်ချင်းတစ်သိုက်ပါ။ တစ်နေ့မှာတော့ အီဒင်ပေါ်ကအိမ် ဒါမှမဟုတ် ဧဒင်( ဥယျာဉ် ) လယ်ကအိမ်ဆိုပြီး လူခေါင်တဲ့နေရာတစ်ခုမှာ သရဲခြောက်အိမ်ရှိတယ်ဆိုပြီး သတင်းရလို့ သူ့သူငယ်ချင်းတွေနဲ့ အရင်သွားရိုက်ဖို့စီစဉ်ထားတဲ့ သုသာဉ်အစီအစဉ်ကိုဖျက်ပြီး တောအုပ်ထဲက အဲဒီအိမ်လေးကိုခေါ်သွားခဲ့ပါတယ်။ ထူးဆန်းတာတစ်ခုက အိမ်ကရေမီးလည်းမရှိ ဘယ်သူမှမနေပေမယ့်လည်း ဖုန်တက်တက်စင်အောင်ပြောင်နေတာပါ။ တစ်ချိန်တည်းမှာလည်း လွန်ခဲ့တဲ့ နှစ် ၆၀ တုန်းက ဒီအိမ်နားတစ်ဝိုက်မှာပဲ ကလေးမငယ်လေးတစ်ယောက်ပျောက်သွားတယ်လို့လည်း သတင်းတင်းကထွက်ထားပြန်ပါတယ်။ ဒီလိုနဲ့ပဲ သူငယ်ချင်းသုံးယောက်သား ဘယ်လိုအနိဌာရုံတွေနဲ့တိုးတော့မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ ရင်တလှုပ်လှုပ်နဲ့ စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… (2 GB) / (980 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:18:17 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း