ဇာတ်ကားများ ရွေးရန်

Mouseboat Massacre

2025ဇာတ်ကားအမှတ် 4.7/1082 မိနစ်

Mouseboat Massacre (2025) မီမီဂျက်ဆန်ဆိုတဲ့အမျိုးသမီးဟာ ၂၀ ကျော်အရွယ်မှာပဲ မူးယစ်ဆေးကြောင့် ဒုက္ခရောက်နေခဲ့တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ မူးယစ်ဆေးစွဲလမ်းနေတာကို အိမ်ကသိရှိသွားပြီးတဲ့နောက်ပိုင်းမှာ ပြန်နာလည်ထူပေးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မီမီဟာ တစ်ချိန်ကဆေးအရမ်းစွဲခဲ့တာဖြစ်တဲ့အတွက် အိမ်မှာပဲ သူ့ကိုဆေးဖြတ်ပြီးကုတဲ့အခါမှာ အိမ်သူအိမ်သားတွေအခက်တွေ့ခဲ့ရပါတယ်။ ရံဖန်ရံခါ မီမီဟာ စိတ်ကစဉ့်ကလျားထထဖြစ်ပြီး ထင်ယောင်ထင်မှားတွေဖြစ်လာပါတယ်။ ဒါ့အပြင် ဆရာဝန်ညွှန်းပေမယ့် အများကြီးစွဲနိုင်တဲ့ အောက်စီကိုတိန်းဆိုတဲ့ဆေးကို ခိုးခိုးပြီး အပုံလိုက်သောက်ပြီး သူ့ကို အိမ်သူအိမ်သားတွေ လာထိန်းတဲ့အချိန်မှာလည်း စိတ်ပေါက်ရင် ပေါက်သလို ဆွဲလားရမ်းကား ကိုယ်ထိလက်ရောက်လုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူ့မိဘတွေဟာ သူ့ကို သောက်ဆေးတွေ လက်လှမ်းမမှီနိုင်တဲ့တောအုပ်အစွန် ချောင်းကမ်းဘေးနားတစ်ခုက စံအိမ်လေးတစ်ခုကို ရက်ပိုင်းခရီးသွားဖို့ခေါ်ခဲ့ပါတယ်။ ပြဿနာမတက်အောင် အပြင်လူတွေနဲ့ သီးခြားနေဖို့ မိသားစုဝင်တွေကြံဖန်ခဲ့ပေမယ့်လည်း မီမီတစ်ယောက်စိတ်မထိန်းနိုင်သေးတဲ့အခါမှာ ချောင်းကမ်းဘေးစံအိမ်က အခန်းတစ်ခန်းထဲမှာ အလုံပိတ်သီးသန့်ထားဖို့ထပ်ဖြစ်လာပါတယ်။ အဲဒီအချိန်မှာမှ မီမီဟာ ဆေးတဲ့ဝေးတာအတန်အသင့်ကြာလို့ ဆေးရှိန်ပြယ်ပြီး သူ့အခန်းထဲက ဟောင်းနေတဲ့ တိပ်ခွေတွေကို ကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ စိတ္တဇလူသ-တ်သမားတိပ်ခွေကို ကြည့်ပြီးတဲ့အခါမှာပဲ မီမီဟာ ထူးဆန်းတဲ့အာရုံတွေရလာပြီး အွန်လိုင်းပေါ်မှာ အဲဒီတိပ်ခွေနဲ့စံအိမ်အကြောင်း နောက်ကြောင်းလိုက်ကြည့်တဲ့အခါမှာ ကျိန်စာသင့်နေတဲ့ တိပ်ခွေကို မတော်တဆကြည့်မိမှန်းသိသွားပါတော့တယ်။ File size… (900 MB) / (500 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:23:08 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း