ဇာတ်ကားများ ရွေးရန်

Selena Gomez: My Mind & Me

2022ဇာတ်ကားအမှတ် 8.2/1095 မိနစ်

Disney ဇာတ်လမ်းတွေနဲ့ သီချင်းတွေကနေ လူသိများလာတဲ့ Selena Gomez ဟာ အသက်ခုနစ်နှစ်ကတည်းက အလုပ်တွေ မရပ်မနား လုပ်ခဲ့ရသူပါ။ ကလေးဘဝကနေ အသက်နှစ်ဆယ်ကျော်အရွယ်အထိ အနုပညာလောကမှာ ရှိနေခဲ့ပြီး အောင်မြင်မှုအမြင့်ဆုံးအချိန်မှာပဲ သူ့အချစ်ရေးက သတင်းသမားတွေရဲ့ ဖိအားပေးမေးမြန်းစရာ ဖြစ်လာပါတယ်။ ဘယ်သွားသွား၊ ဘာလုပ်လုပ် လူအများရှေ့မှာ ဒီအကြောင်းကိုပဲ ထပ်တလဲလဲ အမေးခံနေရတယ်။ ရောဂါဝေဒနာတွေအပြင် သတင်းသမားတွေရဲ့ ထိုးနှက်မှုနဲ့ နေရာစုံက ဖိအားတွေကို ခံစားရင်း သူ့စိတ်အခြေအနေဟာ ဆိုးရွားလာခဲ့ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကတော့ အဲဒီကာလကနေ စိတ်အေးချမ်းမှုကို ပြန်ရှာနိုင်ဖို့ ခြောက်နှစ်ကြာ ကြိုးပမ်းခဲ့ရတဲ့ ခရီးနဲ့ သူ့ရဲ့စိတ်အခြေအနေတွေကို အဓိက ပုံဖော်ထားတာပါ။ အနုပညာရှင်တစ်ယောက်ရဲ့ လက်ရာတွေကို သဘောကျပြီး အားပေးကြတဲ့အခါ သူ့ပုဂ္ဂိုလ်ရေးထဲအထိ ဝင်ရောက်စွက်ဖက်ခွင့် ရှိသလားဆိုတဲ့ မေးခွန်းကိုလည်း စဉ်းစားစေပါတယ်။

ဇာတ်လမ်းအကြောင်း