ဇာတ်ကားများ ရွေးရန်

Maatonda Heluve

2025ဇာတ်ကား

Maatonda Heluve (2025)"ရင်ခုန်သံ ကြိမ်နှုန်း 91.1" ပရိသတ်တွေ ပေါ့ပေါ့ပါးပါးခံစားလို့ရမယ့် ကန်နာဒါစကားပြော ခပ်မြူးမြူးအချစ်ဟာသရုပ်ရှင်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ရေဒီယိုချန်နယ်တစ်ခုမှာ အာရ်ဂျေလို့ခေါ်တဲ့ ရေဒီယိုဂျော်ကီလုပ်နေတဲ့ မာယူးရ်။ မာယူးရ်ဟာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပေမဲ့ လွတ်လပ်မှုကိုသဘောကျတာကြောင့် ကုမ္ပဏီတွေမှာအလုပ်ဝင်လုပ်ရတဲ့ ကော်ပိုရိတ်ကျွန်(ရုပ်ရှင်ထဲမှစကား)အဖြစ်မခံဘဲ ဝါသနာပါတဲ့အလုပ်ကိုလုပ်နေသူပေါ့။ ရေဒီယိုချန်နယ်မှာ တင်ဆက်တဲ့ သူ့ရဲ့ကိုယ်ပိုင်ရှိုးဟာ ပရိသတ်တွေရဲ့ နှလုံးသားရေးရာကို အကြံပေးရတဲ့အစီအစဉ်ဖြစ်ပေမဲ့ သူကိုယ်တိုင်ကတော့ ဆင်ဂယ်ဖြစ်နေတာကြောင့် တွေ့တဲ့သူတိုင်းက မာယူးရ်ကို ရည်းစားမထားဘူးလို့မေးကြပါတယ်။ အချစ်နဲ့တွေ့မှ ရည်းစားထားမယ်လို့တွေးထားတဲ့မာယူးရ်ဟာ တစ်နေ့မှာ စိတ်ကျန်းမာရေးဆေးရုံကထွက်လာတဲ့ ကူရှီဆိုတဲ့ ခပ်ဆန်းဆန်းကောင်မလေးနဲ့ တွေ့ဆုံလာတဲ့အချိန်မှာတော့...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ B-Team ပါ။) File size… 2 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder…B Coder Translated by B Team

ဇာတ်လမ်းအကြောင်း