Fantasy Football Ruined Our Lives
Fantasy Football Ruined Our Lives (2025) IMDb Rating (5.0) စိတ်ကူးယဉ်ပြီး ဘောလုံးအသင်းထောင်ကစားတဲ့ ကစားနည်းနဲ့ အဲဒီကစားနည်းကို သိပ်ချစ်တဲ့သူငယ်ချင်းတစ်အုပ်ရဲ့ အကြောင်း ဟာသရုပ်ရှင်ပါ။ အရင်ဆုံး ပြောရရင် စိတ်ကူးယဉ်ဘောလုံးကစားတယ်ဆိုတာက တကယ့်အပြင်မှာ ကစားနေတဲ့လူတွေထဲက ကိုယ်လိုချင်တဲ့ ကစားသမားတွေကို ရွေးထုတ်ပြီး အသင်းတစ်သင်းစာ ဖွဲ့တယ်။ ကိုယ်လိုချင်တဲ့လူရဖို့ ကိုယ်စီရထားတဲ့ သတ်မှတ်ထားတဲ့ ပွိုင့်ထဲကနေ အချင်းချင်း လေလံဆွဲတယ်။ ၅၀၀ရရင် အဲဒီပွိုင့်ကိုသုံးပြီး အဓိကလူကို ၃၀၀သုံးမယ်ဆို ကျန်တဲ့လူတွေကိုတော့ ၂၀၀နဲ့ လောက်အောင်ဝယ်တာမျိုးပေါ့။ အဲဒီလိုဝယ်ပြီး အသင်းထောင်ပြီးရင် ကိုယ်ဝယ်ထားတဲ့လူတွေရဲ့ တကယ့်အပြင်က ရလဒ်တွေကိုယူပြီး ဘယ်သူပိုများတယ် ဘာညာ ပြိုင်ကစားကြတာမျိုးပါ။ ကိုယ်ရွေးထားတဲ့ လူတွေရဲ့ ရလဒ်တွေကိုပေါင်းပြီး ပြိုင်ရတာပေါ့။ ဒီရုပ်ရှင်ထဲက သူငယ်ချင်းတစ်အုပ်က ဒီကစားနည်း ကစားကြတယ်။ သူတို့ကစားတဲ့နေရာမှာ လူတစ်ယောက်လျော့သွားလို့လည်း မဖြစ်ဘူး။ ပြိုင်ဘက်နည်းသွားမှာ စိုးလို့ထင်တယ်။ သူငယ်ချင်းတစ်ကောင်က သေသွားတော့ သူတို့တွေ ကစားဖော်အသစ်ထပ်ရှာတယ်။ ရောက်လာတာက မိန်းကလေး။ အဲဒီမိန်းကလေးကျေးဇူးနဲ့ အဖွဲ့ထဲ ဇာတ်တွေရှုပ်ကုန်ပြီး။ လူသတ်မှုအထိဖြစ်သွားတယ်။ တရားသူကြီးက အဲဒီအမှုကို စစ်တော့ သူတို့က သူတို့စိတ်ကူးဘောလုံးကစားတာကနေ စပြောပြပြီး ဇာတ်ရည်လည်အောင် ရှင်းပြရတာကို ရိုက်ပြထားတယ်။ ဗရုတ်ကျတဲ့ သူငယ်ချင်းတစ်အုပ်နဲ့ပဲ ရိုက်ထားတာဆိုတော့ တော်တော်တော့ရယ်ရပါတယ်။ File size… (1.5 GB) / (910 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:39:08 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း