Monster High: The Movie
ကလောဒင်းဟာ လူသားတစ်ပိုင်း၊ မွန်းစတားတစ်ပိုင်းဖြစ်ပြီး လူသားတွေကြားမှာ ဆက်မနေချင်တော့လို့ မွန်းစတားတွေပဲ လက်ခံတဲ့ အထက်တန်းကျောင်းကို သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် သူ စိတ်လှုပ်ရှားတဲ့အခါ၊ ဝမ်းနည်းတဲ့အခါတွေမှာ လူသားပုံစံကို ခဏပြန်ပြောင်းသွားတတ်တယ်။ ဒီအကြောင်းကို ကျောင်းက တခြားသူတွေ သိသွားမှာ သူစိုးရိမ်နေပါတယ်။ သေဆုံးသွားပြီဖြစ်တဲ့ Hyde ဟာ သူ့လိုပဲ မွန်းစတားတစ်ပိုင်းဖြစ်ခဲ့သူပါ။ Hyde ဖော်စပ်ခဲ့တဲ့ဆေးက သူ့ကို မွန်းစတားအပြည့်အဝ ပြောင်းပေးနိုင်မယ်လို့ ကလောဒင်း ယူဆပြီး လိုက်ရှာတော့ သူငယ်ချင်း Frenky နဲ့ Draculaura တို့က ကူညီပေးကြတယ်။ Frenky ကို နာမည်ကြီးပညာရှင်တွေရဲ့ အစိတ်အပိုင်းတွေနဲ့ ဖန်တီးထားပြီး Draculaura ကတော့ မှော်ပညာလေ့လာနေတဲ့ သွေးစုပ်ဖုတ်ကောင်ပါ။ သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ ကလောဒင်း ဆေးရည်ကို ရှာတွေ့နိုင်မလား။ ဆေးရည်ကို လိုက်ရှာနေစဉ် ကျောင်းကို ဖျက်ဆီးမယ့်အကြံကို ဘယ်လို ဖော်ထုတ်ကြမလဲဆိုတာလည်း ဆက်ကြည့်ရမှာပါ။
ဇာတ်လမ်းအကြောင်း