ဇာတ်ကားများ ရွေးရန်

The Rope Curse 3

2023ဇာတ်ကားအမှတ် 4.7/10109 မိနစ်

တရုတ်ရိုးရာအရ (၇)လပိုင်း(၁၅)ရက်နေ့ဟာ တစ္ဆေတံခါးပွင့်တဲ့နေ့ဖြစ်ပြီး ပရလောကသားတွေဟာ လူ့လောကမှာလာပြီး လူတွေကျွေးမွေးပူဇော်တဲ့ စားသောက်ဖွယ်ပစ္စည်းတွေကို လာစားသုံးကြတယ်လို့ဆိုတယ်။ အဲဒီအချိန်ကိုတစ္ဆေခေါ်ပွဲလို့လဲခေါ်ကြပါတယ်။ ဒီဇာတ်ကားကတော့ တစ္ဆေခေါ်ပွဲအခြေခံပြီး ရိုက်ကူးထားတဲ့ ထိုင်ဝမ်ဟော်ရာဇာတ်ကားတွဲThe Rope Curse ရဲ့တတိယမြောက်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကွမ့်ယွီဟာ ပရောဂဆရာမျိုးရိုးဖြစ်ပေမယ့် အတိတ်ကစိတ်ဒဏ်ရာတွေကြောင့် ပိုက်ဆံများများရှာပြီး အိမ်ကနေထွက်သွားဖို့ ကြိုးစားနေတဲ့လူငယ်လေးတစ်ယောက်ဖြစ်တယ်။ ကွမ့်ယွီဟာပါရမီရှိတဲ့သူဖြစ်ပေမယ့် ငယ်ငယ်တုန်းက ညီမလေးကိုဆုံးရှုံးလိုက်ရတဲ့အတွက်ကြောင့် မိသားစုရိုးရာပညာနဲ့ဝေးဝေးနေချင်ခဲ့တယ်။ တစ်နေ့မှာတော့ ကွမ့်ယွီနဲ့သူငယ်ချင်းဟာ လူတစ်ယောက်ကြိုးဆွဲချသေခဲ့တဲ့ တည်းခိုခန်းတစ်ခုကိုရောက်သွားပါတယ်။ ကွမ့်ယွီဟာ တစ္ဆေသရဲဆိုတာကိုအယုံအကြည်မရှိပေမယ့် သူ့သူငယ်ချင်းရုတ်တရက်ကြိုးဆွဲချသေသွားတဲ့အခါ ဒါကဟာသာမန်မဟုတ်ဘူးဆိုတာသိလိုက်ရပါတယ်။ သူရှောင်လွှဲချင်နေတဲ့ကံကြမ္မာဟာ သူ့ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အတွက်ကြောင့် မိသားစုရိုးရာပညာနဲ့ ထိုင်းမကောင်းဆိုးဝါးကိုရင်ဆိုင်တိုက်ခိုက်ပါတော့တယ်။ Filesize : 1.26 GB / 684 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres :Horror Runtime : 1h49 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း