Private Benjamin
Oscar Nomination ဝင်ထားတဲ့ဇာတ်ကားဖြစ်ပြီး ခရမ်းချဉ်သီး 82%, IMDb 6.2 ရရှိထားတဲ့ Comedy Movie ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာကတည်းက ခွီနေရပြီး နံကြားထောက်ရယ်ရအောင် ပေါတောတော ဟာသတွေ လုံးဝမဟုတ်ပါဘူး။ ဘဝမှာ ကြုံတွေရမယ့် အခက်အခဲတွေကို ဟာသမြောက်အောင် ရိုက်ကူးထားပြီး နောက်ဆုံးမှာ Women Empowerment ကို လှလှပပ ဖော်ပြသွားနိုင်ပါတယ်။ အဓိကဇာတ်ဆောင် ကောင်မလေးရဲ့ Character Development က တော်တော်လေး သပ်ရပ်ပြီး လုံးဝ Cringe ဖြစ်မနေခဲ့ပါဘူး။ အိမ်ထောင်နှစ်ခါကွဲ အမျိုးသမီးတစ်ယောက်အနေနဲ့ စစ်ထဲရောက်သွားပြီး ဘဝကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားတဲ့ ဟာသဇာတ်လမ်းကောင်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဂျူဒီဘန်ဂျမင်ဆိုတဲ့ အသက်ငယ်ငယ် မုဆိုးမလေးဟာ သူ့ရဲ့ ဒုတိယအကြိမ် မင်္ဂလာပွဲမှာ အရမ်းကို ပျော်ရွှင်နေခဲ့ပါတယ်။ ဒါပေမဲ့ သူနဲ့လက်ထပ်တဲ့အမျိုးသားဟာ Dinner Party မှာတောင် မရှောင်ဘဲ ကားပေါ်မှာ ရေနံတူးတဲ့သူပါ။ သူတို့ရဲ့ မင်္ဂလာဦးညမှာတင် အဲဒီအမျိုးသားဟာ ရေနံတူးနေရင်း တန်းလန်း အမောဖောက်ပြီး ကွယ်လွန်သွားပါတယ်။ ဘယ်လိုမှ ဖြေဆည်မရတော့တဲ့ ဘန်ဂျမင်ဟာ စည်းရုံးရေးမှူးရဲ့ အဆွယ်ကောင်းမှုကြောင့် စစ်တပ်ထဲ ရောက်သွားပါတယ်။ စစ်တပ်ထဲမှာ သူထင်ထားသလို မလွယ်ကူမှန်း သိသွားတာကြောင့် ထွက်ပြေးဖို့ ကြိုးစားပါတယ်။ သူ့မိဘတွေ ရောက်လာခဲ့ပြီး ပြည့်ပြည့်စုံစုံ ထားရဲ့သားနဲ့ စစ်ထဲရောက်သွားတဲ့ သမီးကို ဖခင်ဖြစ်သူက အသားကုန် အော်ငေါက်ပါတယ်။ ဒါကြောင့် အပြင်ကဘဝထက် စစ်တပ်ထဲမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ရင်း အခက်အခဲမှန်သမျှကို ရင်ဆိုင်ခဲ့ပါတယ်။ ဂျူဒီတစ်ယောက် စစ်သမီးဘဝမှာ အကောင်းဆုံးဖြတ်သန်းနိုင်မလား။ အချစ်ရေး ကံမကောင်းတဲ့ ဂျူဒီဟာ နောက်ဆုံးမှာ ချစ်ရသူ အမျိုးသားတစ်ယောက်နဲ့ လက်ထပ်နိုင်သွားမလား။ ပေါ့ပေါ့ပါးပါး ဟာသတွေနဲ့အတူ အဆုံးထိ ခံစားကြည့်ရှုနိုင်ပါပြီခင်ဗျာ။ Quality.....Blu-Ray 1080p / 720p File Size.....(2.3 GB) / (1.3 GB) Genre.....Satire, Comedy, War Duration.....01:49:00
ဇာတ်လမ်းအကြောင်း