ဇာတ်ကားများ ရွေးရန်

Kuriyan Jawan Bapu Preshaan

2021ဇာတ်ကားအမှတ် 10.0/10108 မိနစ်

Kurian Jawan Bapu Preshaan 2021 အဖေကြီးနှင့်သမီးများ ဘဝကို စာအုပ်တစ်အုပ်လို တစ်သွေမသိမ်းလိုက်နာနေတဲ့ ပန်ချာပီကြီးတစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ဆူနေးလ်ဟာ စာကြည့်တိုက်ကအရာရှိတစ်ယောက် သူ့ဘက်ကကြည့်ရင်တော့ စည်းကမ်းအလွန်လိုက်နာပြီး အချိန်လေးစားတဲ့သူ ၊ ချွေတာတတ်သူလို့ ထင်နေပေမဲ့ တကယ်တမ်း အများအမြင်မှာ တော်တော်ဂွတီးဂွတနိုင်သူပေါ့။ ဘယ်လောက်ထိချွေတာလဲဆို မင်္ဂလာဆောင်တာတောင် တစ်ယောက်တည်းသွားပြီး သတို့သမီးကို စက်ဘီးနဲ့တင်ခေါ်လာတဲ့အထိပါပဲ။ မင်္ဂလာဆောင်ပြီးတော့လည်း မျိုးဆက်အတွက် သားရချင်ဇောနဲ့ ကလေးတွေဆက်တိုက်မွေးလိုက်တာ မိန်းမပါ ဆုံးသွားတဲ့အထိပါပဲ။ ဒါပေမဲ့ သူ့မှာကျန်ခဲ့တာကတော့ သမီး ၃ ယောက်ရယ်ပါ။ ဒီတော့ သမီးကညာဆိုတာ ပျိုးထောင်ရခက်တယ်လို့ အတွေးဝင်နေတဲ့ ချုပ်ချယ်လွန်းတဲ့အဖေကြီးနဲ့ သမီး ၃ ယောက် ဘယ်လိုစခန်းထကြမလဲ ရှုစားကြပါဦး။ File size… 2.3 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း