ဇာတ်ကားများ ရွေးရန်

I Can Speak

2017ဇာတ်ကားအမှတ် 7.9/10119 မိနစ်

I can speak ( 2017) ဒီဇာတ်ကားလေးကတော့ Taxi driverဇာတ်လမ်းတွဲထဲက မင်းသားချော Lee Je Hoon နဲ့ ပြည်သူအချစ်တော် ဘွားဘွား Na Moon Hee တိုအဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့ Comedy-Drama ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း နာအို့ဘွန်း( Na Moon Hee ) ဆိုတာကတော့ ရပ်ကွက်ထဲမှာ အတိုင်အတောထူလို မှင်စာဘွားဘွားလို အမည်ရနေတဲ့ အဘွားတစ်ယောက်ပါ။ ဘတ်မင်ဂျယ် ( Lee Je Hoon ) ကတော့ အဘွားအို့ဘွန်း ရပ်ကွက်ကို အသစ်စက်စက် တာဝန်ချခံရတဲ့ အစိုးရအငယ်တန်းအရာရှိတဦး ဖြစ်ပါတယ်။ အဘွားအို့ဘွန်းတိုင်သမျှကို ဖြေရှင်းပေးဖိုကြိုးစားပေမယ့် စည်းကမ်းကြီးပြီး စာအုပ်သမားဖြစ်တဲ့ မင်ဂျယ်ကို အဘွားအို့ဘွန်းက သိပ်အမြင်မကြည်လှပါဘူး။ ဒီလိုနဲ့ တစ်ရက်မှာတော့ ကိစ္စတခုကြောင့် English speaking သင်နေတဲ့ အဘွားအို့ဘွန်းဟာ မင်ဂျယ်ရဲ့ English အသံထွက်ကောင်းတာကို သတိထားမိပြီး သူ့ကိုပါ speaking သင်ပေးဖို့ ချဉ်းကပ်ရင်း အဘွားနဲ့ မြေးအရွယ် လူ၂ ဦးကြားက မေတ္တာ၊ သံယောဇဉ်လေးတွေကို ဟာသလေးနှောပြီး ကြည့်ရမယ့် ဖြစ်ရပ်မှန်အခြေခံ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ အခြားနာမည်ကြီး မင်းသားမင်းသမီးတွေလည်း ပါဝင်အားဖြည်ထားပြီး ဆုပေါင်းများစွာ သိမ်းပိုက်ကာ IMDb 7.5/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားမို့ ပေးရတဲ့အချိန် ၁နာရီကျော်လေးအတွင်းမှာ ရသစုံစုံခံစားနိုင်မှာမို့ အခုပဲ ကြည့်ရှုလိုက်ကြဖို့ တိုက်တွန်းပါရစေ။ File Size - 1.3 GB/ 645 MB Quality - WEB-DL 1080p/ 720p Duration - 1h 58m Format - mp4 Genre - Comedy, Drama Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း