The Running Actress
The Running Actress (2017) (ကိုရီးယားနာမည် -여배우는 오늘도) ရုပ်ရှင်ဇာတ်ကားဟာ၂၀၁၇ ခုနှစ်ထုတ် တောင်ကိုရီးယား ဟာသ-ဒရာမာရုပ်ရှင် တစ်ကားဖြစ်ပြီး မွန်းဆိုရီ (Moon So-ri) ကိုယ်တိုင်ရေးသား၊ ရိုက်ကူးပြီး သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းလေးကတော့ မင်းသမီးတစ်ဦးရဲ့ ရှုပ်ထွေးပွေလီလှသော တစ်နေ့တာကို ရိုက်ကူးတင်ပြထားခြင်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မင်းသမီးတစ်ဦးလို့ ဆိုလိုက်လျှင် အများအမြင်မှာတော့ အဝတ်အစား လှလှပပလေးတွေ နေ့စဉ်ဝတ် ပွဲတွေတက်ပြီး ကြော့ကြော့မော့မော့လေး နေရတယ်လို့ပဲ ထင်ကြတတ်တယ်။ ဒါပေမဲ့ အရွယ်ကျလာပြီးတော့ နာမည်ကျသွားတဲ့ မင်းသမီးတစ်ဦးတစ်ယောက် အနေနဲ့ကတော့ သူ့ရဲ့ တစ်နေ့တာက ခမ်းနားကြီးကျယ် မနေပေ။ သာမန်လူတွေလိုပဲ ချေးငွေကိစ္စတွေကို ဆောင်ရွက်ရတယ် ယောက္ခမရဲ့ ကျန်းမာရေးအခြေအနေကိုလည်း သွားရောက်ကြည့်ရှုရသေးတယ်။ ကလေးငိုယိုနေရင်လည်း ချော့မြူရသေးတယ်။ထုတ်လုပ်သူ ဒါရိုက်တာတွေနဲ့ ကိုယ်မတွေ့ချင်လည်း တွေ့ အရက်အတူ မသောက်ချင်လည်း သောက်ရတာတွေကို ဇာတ်လမ်းလေးတစ်ခုအနေနဲ့ ရိုးရိုးရှင်းရှင်းပဲ ဖန်တီးဖော်ပြထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ထူးခြားဆန်းပြားတဲ့ ဇာတ်အိမ်တွေ မဖွဲ့ထားတာမို့ ဒီတိုင်း အပျင်းပြေ ပေါ့ပေါ့ပါးပါးလေး ကြည့်ချင်သူတွေအနေနဲ့ ကြည့်ရှုအားပေးလိုက်ကြပါဦးလို့ တိုက်တွန်းချင်ပါတယ်။ File Size - 1.2 GB/ 412 MB Quality - WEB-DL 1080p/ 720p Duration - 1h 10m Format - mp4 Genre - Comedy, Drama Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း