ဇာတ်ကားများ ရွေးရန်

She Said Maybe

2025ဇာတ်ကားအမှတ် 6.5/10108 မိနစ်

She Said Maybe (2025) +++++++++ ဒီတစ်ခေါက်မှာတော့ She Said May Be လို အမည်ရတဲ့ တူရကီ-ဂျာမန် အချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းကိုတော့ ချစ်သူကောင်မလေးဖြစ်တဲ့ မာဗီကို လက်ထပ်ခွင့်တောင်းဖို လုပ်ရာကနေ မအောင်မြင်လိုက်တဲ့ ဂျန်ရဲ့ အဖြစ်နဲ့ စတင်ထားပါတယ် ။ အဲဒါကြောင့် ဂျန်ဟာ သူတိုရဲ့ ချစ်သူသက်တမ်း ၂ နှစ်ပြည့်မှာ တူရကီကို ဆယ်ရက်တာ အလည်ခေါ်သွားရင်းနဲ့ လက်ထပ်ခွင့်တောင်းဖို ကြံရွယ်ထားခဲ့တာပါ ။ ဒါပေမဲ့ တူရကီရောက်တဲ့အခါမှာတော့ မာဗီက တူရကီရဲ့ နာမည်ကြီးလုပ်ငန်းစုက တစ်ဦးတည်းသော မြေးမလေး ဖြစ်နေမှန်း သိလိုက်ရပါတော့တယ် ။ မာဗီရဲ့ အဘွားဖြစ်တဲ့ ယာဒီဂါကလည်း တစ်ဦးတည်းသော မြေးမလေးကို သူတိုမိသားစုထဲ သိမ်းသွင်းပြီး အမွေဆက်ခံသူ လုပ်ခိုင်းချင်သလို ရှေ့နေလေး ဂျန် နဲ့လည်း သဘောမတူပြန်ပါဘူး ။ အဲဒါကြောင့် နောက်ကွယ်ကနေ မာဗီရဲ့ ဘဝကို ကြိုးကိုင်ခြယ်လှယ်ဖို ကြိုးစားရင်း သူ သဘောတူတဲ့ မျိုးရိုးမြင့် သူဌေးသား ကန့် နဲ့ အောင်သွယ်ပေးဖို ကြိုးစားပါတော့တယ် ။ နာမည်ကြီး ဘီလ်ဂင်လုပ်ငန်းစုရဲ့ ခမ်းနားတဲ့ အဆောင်အယောင်နဲ့ ဉာဏ်များတဲ့လှည့်စားမှုတွေထဲကနေ မာဗီတစ်ယောက် အလွတ်ရုန်းနိုင်ပါ့မလား။ နှစ်နှစ်တာ ချစ်လာခဲ့တဲ့ ရှေ့နေလေး ဂျန် နဲ့ တူရကီမှာ သူ့ကို အစစအရာရာ လိုက်ကူညီပေးနေတဲ့ သူဌေးသား ကိုလူချော ကန့် နှစ်ယောက်ကြားက ဘယ်သူ့ကို ရွေးမလဲ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ She Said May be ဆိုတဲ့ ရုပ်ရှင်လေးမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါနော် ။ File Size… (2.12GB) / (1.10GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 47m Genre ….Coedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း