Wedding Season
အာရှာက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်ပြီး ရာဗီကတော့ MIT ကျောင်းဆင်းပေမယ့် ဟိုဟိုဒီဒီ လုပ်နေသူပါ။ သူတို့နှစ်ယောက်က အချစ်ရေးကို စိတ်မဝင်စားသေးပေမယ့် မိဘတွေကတော့ သားသမီးတွေကို အိမ်ထောင်ချပေးချင်နေကြတယ်။ ဒါကြောင့် အွန်လိုင်းချိန်းတွေ့အက်ပ်တစ်ခုမှာ သားသမီးတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မမှန်မကန် ဖြည့်ပြီး တင်ထားလိုက်ကြပါတယ်။ အက်ပ်ကနေ အာရှာနဲ့ ရာဗီကို တွဲဖက်ပေးလိုက်တဲ့အခါ နှစ်ဖက်အိမ်တွေက ချိန်းတွေ့ကြဖို့ အတင်းတိုက်တွန်းလာကြတယ်။ အချစ်ရေးကို မစဉ်းစားသေးတဲ့ သူတို့နှစ်ယောက်က မင်္ဂလာပွဲတွေကို အတူတက်ရင်း ဟန်ဆောင်ရည်းစားတွေ ဖြစ်လာပါတယ်။ ဒီလိုဟန်ဆောင်နေရာကနေ တကယ်ချစ်မိတဲ့သူတွေ ရှိလာရင် ဘယ်လိုလုပ်ကြမလဲ၊ မိဘတွေက အလိမ်အညာတွေကို သိသွားရင်ရော ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို ပြောပြထားတဲ့ Netflix အချစ်ဟာသကားပါ။
ဇာတ်လမ်းအကြောင်း