ဇာတ်ကားများ ရွေးရန်

Miss Boots

2024ဇာတ်ကားအမှတ် 8.3/10110 မိနစ်

Miss Boots (2024) ++++++++ IMDb - 7.2/10 ဒီတစ်ခေါက်မှာတော့ မိသားစုတွေ အတူတူကြည့်ဖိုအတွက် ကြည်နူးစရာ ရုပ်ရှင်လေး တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မိဘမဲ့ကလေးမလေး စီမုန်းရဲ့ သူ့ဦးလေးဖြစ်သူအတွက် ဘဝအဓိပ္ပါယ်ကို ပြန်ရှာပေးတဲ့ ဇာတ်လမ်းလေးပါပဲ ။ စီမုန်းဆိုတဲ့ ကလေးမလေးဟာ အဘွားဖြစ်သူနဲ့ပဲ အတူနေလာရာကနေ အဘွားပါ ဆုံးပါးသွားတဲ့အခါမှာတော့ ပြဇာတ်ရေးဆရာတစ်ယောက်ဖြစ်တဲ့ ဦးလေး ဖိလစ်ဆီမှာ သောင်တင်ရပါတော့တယ် ။ ဒါပေမဲ့ ဖိလစ်ကလည်း လူကြောက်တတ်တဲ့ ရောဂါရှိတဲ့အပြင် ပြဇာတ်အတွက် ဘာစိတ်ကူး ကောင်းကောင်းမှ ထွက်မလာလို စိတ်ဓာတ်ကျနေရတဲ့သူပါ ။ ဒီလိုမျိုး ဖိလစ်က သူ့အိမ်ပေါ်ကို အရှုပ်ထုပ်လေး ခေါ်မတင်ထားချင်ပေမဲ့ မလွှမရှောင်သာ လက်ခံထားလိုက်ပြီးတဲ့နောက် ဖိလစ်ရဲ့ ပြဇာတ်မှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမလဲ ။ အဲဒါ အပြင်ကိုမှ ဖိလစ်ရဲ့ တစ်ခုတည်းသော နာမည်ကျော်လက်ရာ “ အယ်ဗလင်း “ ဆိုတဲ့ သီချင်းကလည်း စီမုန်းရဲ့ အမေ အယ်ဗလင်းကို ရည်ညွှန်းပြီး စပ်ထားတဲ့ သီချင်း ဖြစ်နေတဲ့အခါ အတိတ်တုန်းကရော စီမုန်းရဲ့ အမေနဲ့ ဖိလစ်က ဘယ်လို ဇာတ်လမ်းမျိုးတွေ ရှိခဲ့ကြတာလဲ ။ စီမုန်းရဲ့ အမေ အယ်ဗလင်းက ဖိလစ်အတွက် ဂန္တဝင်လက်ရာတစ်ခုကို သယ်ဆောင်လာပေးခဲ့သလိုမျိုး စီမုန်းကရော ဘယ်လို ဂန္တဝင်လက်ရာကို သယ်ဆောင်လာပေးဦးမလဲ ။ အကျင့်စရိုက်မတူတဲ့ သူတိုတူဝရီးနှစ်ယောက်ရော ဘယ်လို စခန်းသွားကြမလဲဆိုတာကို ကြည်နူးဖွယ် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ။ File Size… (1.35GB) / (790MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 51m Genre … Comedy Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း