Heartsong
ရွာဘက်မှာ ခြေသလုံးအိမ်တိုင်နေသူတွေလို ရိုးရိုးရှင်းရှင်း နေထိုင်ပြီး သီချင်းဆိုရင်း ပျော်ပျော်နေတတ်ကြတဲ့ လူတွေအကြောင်းကို ရိုက်ထားတဲ့ Netflix တူရကီဇာတ်ကားပါ။ သူတို့ထဲက Piroz ကလည်း သီချင်းဆိုရတာကို နှစ်သက်ပြီး မင်္ဂလာဆောင်တွေမှာ လိုက်လံဖျော်ဖြေနေသူဖြစ်ပါတယ်။ မင်္ဂလာဆောင်တစ်ခုမှာ သတို့သမီးကို တွေ့လိုက်ရတဲ့အခါ သူ ချစ်မိသွားတယ်။ အဲဒီသတို့သမီးကိုတော့ မိဘတွေကအစ အရူးလို့ သတ်မှတ်ထားကြပြီး ယောက်ျားပေးစားကာ လက်လွှတ်ချင်နေကြတာပါ။ မိန်းကလေးကလည်း Piroz ကို သဘောကျပြီး သူနဲ့အတူ ပေါင်းဖက်ချင်လာတယ်။ မင်္ဂလာဆောင်မှာ ဆုံမိတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေး ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကို ဟာသနဲ့ ဂီတရောစပ်ထားတဲ့ ဒီဒရာမာဇာတ်လမ်းမှာ တွေ့ရမှာပါ။
ဇာတ်လမ်းအကြောင်း