ဇာတ်ကားများ ရွေးရန်

I Heart Willie

2025ဇာတ်ကားအမှတ် 5.5/1090 မိနစ်

I Heart Willie (2025) +++++++ Mickey Mouse လိုလူတိုင်းသိတဲ့ ချစ်စရာကောင်းတ‌ဲ့ Disney ရဲ့ Character လေးကိုမှ လူသတ်ကောင် Psychopath ကြီးသဖွယ် ကြောက်စရာကောင်းအောင်ပုံဖော်ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်လမ်းတွေကို မကြည့်ဖူးရင်တောင်မှ မြင်ဖူးသလိုလိုတော့ရှိနေကြမှာပါ။အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကလည်း အဲ့လိုမျိုးပုံစံဖန်တီးထားတဲ့ I Heart Willie ဆိုတဲ့ဇာတ်ကားလေးဖြစ်ပြီး သွေးထွက်သံယိုတွေကြောက်စရာ မြင်ကွင်းတွေအများကြီးပါဝင်မှာဖြစ်တဲ့အတွက် နှလုံးရောဂါရှိတဲ့လူတွေ‌ ကြောက်တတ်တဲ့လူတွေဆိုရင်တော့ မကြည့်ဖို့သတိပေးလိုက်ချင်ပါတယ်။ ဇာတ်အိမ်တည်ထားတဲ့ပုံစံကတော့ သရဲခြောက်တဲ့နေရာတွေအကြောင်းဗီဒီယိုလိုက်ရိုက်ပြတဲ့ အလုပ်လုပ်နေတဲ့ သူငယ်ချင်း ၄ ယောက်က ရောက်ဖူးတဲ့လူတော်တော်များများပျောက်ဆုံးသွားတယ်လို့နာမည်ကြီးနေတဲ့ စွန့်ပစ်အိမ်ကြီးတစ်လုံးကို သွားလေ့လာစူးစမ်းပုံကိုဇာတ်အိမ်တည်ထားတာတွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းသဘောတရား ဇာတ်လမ်းအကြောင်းအရာကိုသိပြီးနေတဲ့အတွက် ဘာတွေဆက်ဖြစ်မယ်ဆိုတာကို သိနေတာတောင် ဘယ်လိုဘယ်ပုံမျိုးတွေနဲ့ ကြောက်စရာကောင်းအောင် လှည့်ကွက်တွေနဲ့တင်ဆက်သွားဦးမယ် ဆိုတာကိုရှုစားရမဲ့ ကြိုက်မဲ့လူတွေအတွက်ကတော့ ကြည့်ကောင်းမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File Size… (1.29GB) / (738MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 28m Genre … Horror Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း