ဇာတ်ကားများ ရွေးရန်

Gundik

2025ဇာတ်ကားအမှတ် 6.2/10112 မိနစ်

Gundik (2025) IMDb Rating (4.8) အခုမှထောင်ကလွတ်လာတဲ့ အော့တိုတစ်ယောက် လွတ်လွတ်ချင်းပဲ ကိုယ်ဝန်နေ့စေ့လစေ့နဲ့သူ့သမီးရယ်၊ ငွေမရှာနိုင်တဲ့ သားမက်တို့ကိုမြင်ပြီး သမီးမွေးဖွားစရိတ်ရအောင် ချက်ချင်းပဲလုပ်ငန်းခွင်ဝင်ဖို့ပြင်ဆင်ရပါတော့တယ်။ သူ့အလုပ်ကတော့ ဖောက်ထွင်းဝိဇ္ဖာဖြစ်ပြီး သူနဲ့အတူလက်တွဲညီတဲ့ လုပ်ဖော်ကိုင်ဖက်သုံးယောက်လည်းရှိပါတယ်။ ဒီတစ်ခေါက်လက်ခံလိုက်တဲ့ထူးခြားချက်ကတော့ သူတို့တစ်ဖွဲ့လုံးလူစုံတက်စုံပါရမှာဖြစ်ပြီး မပါခဲ့ရင် အလုပ်ပျက်ပြီးဆိုတာပါပဲ။ သူတို့ဖောက်ထွင်းရမယ့်အိမ်ကတော့ အဆင့်မြင့်အရာရှိကြီးတွေရဲ့အငယ်အနှောင်းလို့နာမည်ကျော်တဲ့အမျိုးသမီးတစ်ယောက်ရဲ့အိမ်ဖြစ်ပြီး အဲ့ဒီအိမ်ထဲမှာရွှေတွေအများကြီးရှိနေတယ်လို့သိထားပါတယ်။ တကယ်တမ်းအိမ်ထဲကိုရောက်သွားချိန်မှာတော့အဲ့ဒီအမျိုးသမီးဟာ သာမန်လူသားတစ်ယောက်မဟုတ်ပဲသဘာ၀လွန်စွမ်းအားတွေရှိနေတဲ့ နာမ်လောက ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး၊ တစ်အိမ်လုံးမှာလည်း နာနာဘာ၀အစောင့်အရှောက်တွေပြည့်နှက်နေတာကိုကြုံရတဲ့အခါမှာတော့ သူတို့တစ်သိုက်ပြေးပေါက်မှားပါတော့တယ်။ ရိုးရှင်းတဲ့ဇာတ်အိမ်ကို ဟာသနှောပြီးသွက်သွက်တင်ဆက်ထားပေမယ့် ကြမ်းရမယ့်နေရာတွေကျတော့လည်းရှယ်ကြမ်းပါတယ်။ ဖျော်ဖြေရေး အက်ရှင်၊ဟော်ရာ ကားကောင်းတစ်ကားပါ။ File size… (950 MB) / (720 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Crime,Horror,Thriller Duration…. 01:52:40 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း