ဇာတ်ကားများ ရွေးရန်

The Threesome

2025ဇာတ်ကားအမှတ် 5.9/10112 မိနစ်

The Threesome (2025) IMDb Rating (6.3) / Rotten Tomatoes (78%) ဒီဇာတ်ကားက ကော်နာဆိုတဲ့လူငယ်တစ်ယောက်ရဲ့ ဘဝထဲက ရှုပ်ထွေးပြီး ဟာသဆန်တဲ့အခိုက်အတန့်တွေအကြောင်းပါ။ ကော်နာဟာ အိုလီဗီယာဆိုတဲ့ မိန်းကလေးနဲ့ အသစ်စတင်ထားတဲ့ အချစ်ရေးမှာ ရင်ခုန်စရာအချိန်တွေကို ဖြတ်သန်းနေပြီး သူတို့ရဲ့ဆက်ဆံရေးက ရိုမန်တစ်ဆန်ဆန်နဲ့ ပေါ့ပေါ့ပါးပါး စတင်ခဲ့ပါတယ်။ ဒါပေမယ့် ရုတ်တရက် အိုလီဗီယာက ကိုယ်ဝန်ရှိနေတာကို သိလိုက်ရတဲ့အခါ သူတို့ရဲ့ဆက်ဆံရေးဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတယ်။ ဒီအချိန်မှာပဲ ဂျနီဆိုတဲ့ နောက်ထပ်မိန်းကလေးတစ်ယောက်က ပေါ်လာပြီး သူလည်း ကော်နာနဲ့အချစ်ရေးတစ်ခုကနေ ကိုယ်ဝန်ရှိနေတယ်လို့ ဖွင့်ဟလာတဲ့အခါ ကိစ္စတွေဟာ ပိုရှုပ်ထွေးသွားပါတယ်။ ဒီအရာက ကော်နာနဲ့ အိုလီဗီယာရဲ့ဆက်ဆံရေးကို တင်းမာလာစေပါတယ်။ တစ်ဖက်မှာလည်း ဂျနီရဲ့ ကိုယ်ဝန်ကို ကော်နာက တာဝန်ယူရမလိုဖြစ်လာပါတယ်။ ဒီဇာတ်ကားဟာ အချစ် တာဝန် နဲ့ မထင်မှတ်ထားတဲ့ ဘဝအလှည့်အပြောင်းတွေအကြောင်း ဟာသလေးနဲ့ ရောစွက်ပြီး ပြသထားတဲ့ လူငယ်ဘဝရဲ့ အလွဲအချော်တွေနဲ့ ခံစားချက်တွေကို ဖော်ပြထားပါတယ်။ ကော်နာတစ်ယောက် သူ့ဘဝရဲ့ အရှုပ်တွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ရယ်စရာ ရင်ခုန်စရာနဲ့ တစ်ခါတလေ ရင်နာစရာအခိုက်အတန့်တွေနဲ့ ရောစပ်ပြီး ပုံဖော်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ File size… (1.5 GB) / (940 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama,Romance Duration…. 01:52:02 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း