ဇာတ်ကားများ ရွေးရန်

Coup!

2024ဇာတ်ကားအမှတ် 6.6/1098 မိနစ်

2023 ခုနှစ်ထွက် Thriller/Comedy ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Cast တွေအနေနဲ့ Jake Gyllenhaal ရဲ့ ယောက်ဖ Peter Sarsgaard ဦးဆောင်ပါဝင်ထားပြီး Billy Magnussen, Sarah Gadonတို့လည်း ပါဝင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Jay ဟာ သတင်းစာဝေဖန်ရေးဆရာ တစ်ယောက်ဖြစ်ပြီး 1900 ပြည့်နှစ် အစောပိုင်း အမေရိကန်နိုင်ငံမှာ တုပ်ကွေးရောဂါ ကူးစက်နေတဲ့အချိန် အမေရိကန်သမ္မတရဲ့ ကိုင်တွယ်မှု ညံ့ဖျင်းပုံတွေကို ပက်ပက်စက်စက် ဝေဖန်လေ့ ရှိသူပါ။ သူဟာ အလုပ်သမားလူတန်းစား၊ လူမည်းတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အရေးအတွက် ထိပ်ဆုံးကနေ ကလောင်သွားထက်ထက်နဲ့ တိုက်ခိုက်ပေးနေတယ် လို့ ထင်ကြပေမယ့် လက်တွေ့မှာ သူဟာ သူ့စာတွေထဲက သူဝေဖန်နေကြ ရေပေါ်ဆီအထက်တန်းလွှာ တစ်ယောက် ဖြစ်လို့နေတာပါ။ သတင်းစာ ဆောင်းပါးမှာတော့ မြို့ထဲမှာ ပြည်သူတွေနဲ့အတူ ဆန္ဒပြခဲ့ကြောင်း၊ အားလုံးနဲ့အတူတူ ကပ်ဆိုးကြီးကို ရင်ဆိုင်နေကြောင်း ရေးသားပြီး အမှန်မှာတော့ သူ့ဘိုးဘွားပိုင် Egg ကျွန်းပေါ်ကစံအိမ်ကြီးမှာ မိန်းမ၊ ကလေးတွေရယ် အစေခံတွေရယ်နဲ့အတူ တသီးတခြားစံစားလို့နေတာပါ။ တစ်ရက် သူတို့ စံအိမ်ကြီးကို Floyd Monk လို့ခေါ်တဲ့ စားဖိုမှူး ရောက်လာရာကစပြီး Jay အတွက် နှိပ်စက်ညှဥ်းပန်းမှု တစ်ခုလိုဖြစ်ခဲ့ပါတယ်။ Floyd Monk ဟာ လေသံဝဲတဲတဲ မထီတရီနဲ့ အိမ်ရှင် Jayရဲ့ အမိန့်တွေကိုလည်း မနာခံရုံမက အတူရှိတဲ့ ဝန်ထမ်းတွေကိုပါ စည်းကမ်းချိုးဖောက်ဖို့ သင်ကြားပေးသူဖြစ်ပါတယ်။ သူတို့ကြားက တင်းမာမှုတွေကို ဟာသခပ်ပါးပါးနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း