ဇာတ်ကားများ ရွေးရန်

Somnium

2025ဇာတ်ကားအမှတ် 5.7/1090 မိနစ်

Somnium (2025) ++++++++ Science Fiction နဲ့ Horror နှစ်မျိုး ပေါင်းစပ်ထားသလို ခံစားရစေမယ့် ဇာတ်ကားလေးတစ်ခုကို ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့တွေ အခုခေတ်မှာ Manifast လုပ်တယ်ဆိုတဲ့ စကားကို ကောင်းကောင်းကြားဖူးကြမှာပါ။ ကိုယ်ဖြစ်ချင်တဲ့ အရာတွေကို ရနေပြီလို့ ယုံကြည်စိတ်သွင်းပြီးတော့ စိတ်ကိုစေ့ဆော်ချက်ပေးတဲ့အခါ လက်တွေ့မှာ အမှန်တကယ်ဖြစ်လာတယ်ဆိုပြီး ယုံကြည်ချက် တစ်မျိုးလို့ ပြောရမယ် ထင်ပါတယ်။ အခုဒီဇာတ်ကားကလည်း အဲဒီအယူအဆကို သုံးပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ ဂျမ်မာဆိုတဲ့ ကောင်မလေးက နယ်မြို့ငယ်လေး တစ်ခုကနေ အိပ်မက်တွေ ပွေ့ပိုက်ပြီးတော့ ဟောလီးဝုဒ်ကို ရောက်လာခဲ့ပါတယ်။ ရောက်လာစ ရုန်းကန်နေရချိန် အမှတ်မထင် ဆွန်နီယမ်ဆိုတဲ့ စိတ်ကုသမှု ဆေးခန်းတစ်ခုမှာ ဝန်ထမ်းအလိုရှိသည် ဆိုတဲ့ ကြော်ငြာစာရွက် မြင်ပြီးတော့ ညပိုင်းအလုပ်ကို လျှောက်ဖို့ ဖြစ်လာပါတယ်။ ဒီဆေးခန်းဟာ အောင်မြင်မှု ရချင်တဲ့ သူတွေကို ခြောက်ပတ်ကြာ သက်တမ်းရှိတဲ့ အစီအစဉ်တစ်ခု ရေးဆွဲထားပေးပြီး ညပိုင်းအိပ်စက်ချိန်မှာ အိပ်မက်တွေနဲ့ အောင်မြင်မှုလမ်းကြောင်းကို ကူးပြောင်းပေးတဲ့ အလုပ်ကို လုပ်ပေးတာပါ။ ဂျမ်မာကိုယ်တိုင် ဒီအစီအစဉ်ထဲ ရောက်သွားချိန်မှာ သူမရဲ့ အိပ်မက်တွေနဲ့ လက်တွေ့ဘဝက ဘယ်လိုတွေ ရောထွေးမှုတွေ ဖြစ်လာမလဲ။ သူမကိုယ်တိုင်ကရော စမ်းသပ်ခံတစ်ဦး ဖြစ်နေတာလား ဆိုတာကိုတော့….။ File Size… (844 MB) / (512 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 32m Genre … Drama , Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း