ဇာတ်ကားများ ရွေးရန်

Crossroads

2002ဇာတ်ကားအမှတ် 5.2/1093 မိနစ်

Crossroads (2002) IMDb Rating (3.9) / Rotten Tomatoes (15%) လူစီ၊ ကစ်နဲ့ မီမီတို့ဟာ ငယ်သူငယ်ချင်းသုံးယောက်ဖြစ်ပြီး သူတို့ငယ်စဉ်ညတစ်ညတုန်းက သစ်ပင်ကြီးတစ်ပင်ရဲ့အောက်မှာအမှတ်တရပစ္စည်းလေးတွေနဲ့အတူအနာဂတ်မှာဖြစ်ချင်တဲ့ဆန္ဒတွေကို ဆုတောင်းပြီး စက္ကူပုံးလေးထဲထည့်မြေမြုပ်ပစ်ခဲ့ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့ အထက်တန်းကျောင်းနောက်ဆုံးနေ့မှာ ဒီပုံးလေးကိုအမှတ်တရပြန်လည်ဖော်ယူဖို့အတွက်ပါပဲ။ ဒါပေမယ့် အချိန်တွေကြာပြီး ဆယ်ကျော်သက်အရွယ်ရောက်တော့ သူတို့သုံးယောက်ဟာ အကြောင်းပြချက်လည်းမရှိတစ်ဖြည်းဖြည်းစိမ်းသွားကြပြီး ခပ်တန်းတန်းဖြစ်နေကြပါပြီ။အဲ့ဒီလိုအခြေအနေကနေ တကယ်တမ်း ကျောင်းဆင်းပွဲညမှာ ဆန္ဒပြုပုံးလေးကိုပြန်ဖော်ဖြစ်ခဲ့ပြီး သုံးယောက်လုံးအကြောင်းကိုယ်စီနဲ့ ခရီးရှည်ကြီးတစ်ခုထွက်ဖို့ဖြစ်လာခဲ့ပါတယ်။ သူတို့အတွက် ဒီခရီးစဉ်ဟာ ဆန်းသစ်တဲ့အတွေ့အကြုံတွေ၊ မိမိကိုယ်မိမိပြန်လည်ရှာဖွေခြင်းတွေနဲ့ရင့်ကျက်မှုဆီ ခြေလှမ်းတစ်လှမ်းစတင်ခြင်းပါပဲ။ လူစီအဖြစ် တစ်ခေတ်မှာတစ်ယောက် တောက်ထွန်းခဲ့တဲ့‌ပေါ့ပ်ဘုရင်မ Britney spears ပါဝင်ထားပြီး၊ Zoe Saldaña နဲ့ Taryn Manning တို့ကကစ်နဲ့မီမီအဖြစ်အားဖြည့်ထားပါတယ်။ အဲ့ဒီခေတ်အခါကဆယ်ကျော်သက်ကားတွေရဲ့ဖော်မျူလာအတိုင်းပေါ့ပေါ့ပါးပါးသွားထားတဲ့အတွက် ဝေဖန်ရေးဆရာတွေကမနှစ်သက်ခဲ့ကြပေမယ့် ဘရစ်တနီရဲ့ပရိသတ်တွေကြောင့် ငွေကြေးအရအောင်မြင်ခဲ့သလို အချိန်ကာလရွေ့လျားလာတာနဲ့အမျှ Coming of age ဇာတ်ကားကောင်းတစ်ကားအဖြစ် လက်ခံလာကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Britney spears Fansတွေအတွက်တင်မက 90s kids တွေအတွက်ပါ ငယ်နုစဉ်ဘ၀ အမှတ်တရလေးတွေကိုပြန်အမှတ်ရမိစေမယ့် နွေးထွေးလှပတဲ့ ဇာတ်ကားလေးတစ်ကားပါပဲ။ File size… (1.8 GB) / (1.1 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama,Romance Duration…. 01:34:25 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း