ဇာတ်ကားများ ရွေးရန်

The Hitchhiker's Guide to the Galaxy

2005ဇာတ်ကားအမှတ် 6.7/10109 မိနစ်

သိပ္ပံနဲ့ ဟာသကို အချိုးကျကျ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ခုလို့ပြောလို့ရပါတယ်။ Sci-fi လည်းကြည့်ချင်တယ် nterstellar တို့ 2001 : A Space Odyssey တို့လို Sci-fi ရုပ်ရှင်အလေးကြီးတွေလည်း ကြည့်ဖို့စိတ်မပါဘူးဆိုရင် ဒီရုပ်ရှင်က ရွေးချယ်သင့်တဲ့တစ်ကားပါ။ ဇာတ်လမ်းအစကို documentary ဆန်ဆန် စထားပြီး ဇာတ်လမ်းအကြောင်းဘာမှမသိဘဲ စကြည့်မယ်ဆို Sci-fi လို့တောင် သိရလိမ့်မယ်မထင်ပါဘူး။ ဇာတ်လမ်းရဲ့အစကတော့ Arthur လို့ခေါ်တဲ့လူတစ်ယောက် သူ့ရဲ့အိမ် အဖျက်ခံရတဲ့နေ့မှာပဲ ကမ္ဘာကြီးကလည်း ပျက်စီးတော့မှာမို့ သူ့ရဲ့သူငယ်ချင်းလည်းဖြစ်တဲ့၊ ဂြိုလ်သားတစ်ကောင်လည်းဖြစ်တဲ့ Ford က သူ့ကိုကယ်ဖို့ အာကာသထဲကို ခေါ်သွားပါတော့တယ်။ ဒီလိုနဲ့ သူတို့ဘာတွေဆက်ဖြစ်ကြမလဲ၊ ဘယ်လိုစွန့်စားခန်းတွေကြုံရမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရမှာပါ။ ကိုယ်တွေ စိတ်ကူးဖူးလောက်မဲ့ ပေါက်ကရဆန်ဆန် စက်တွေ၊ ဂြိုဟ်သားတွေအပြင်ကိုမှ စနစ်ကိုပါ လှောင်ပြောင်ဖို့ ထည့်ထားတဲ့ ကာရိုက်တာ တွေကလည်း အတော်လေး irony ဖြစ်ပြီး ရယ်ရပါတယ်။ Benedict Cumberbatch ရဲ့ Sherlock series မှာ Dr. Weston အဖြစ် သရုပ်ဆောင်တဲ့ Martin Freeman က အဓိကဇာတ်ကောင် Arthur အနေနဲ့ ပါဝင်ထားတဲ့အပြင် နွေမနဲ့ရက်၅၀၀ ရုပ်ရှင်ထဲကမနွေမ (ခ) Summer အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Zooey Deschanel ကိုလည်း အဓိကဇာတ်ဆောင်မင်းသမီးအနေနဲ့ တွေ့ရမှာပါ။

ဇာတ်လမ်းအကြောင်း