ဇာတ်ကားများ ရွေးရန်

Illang: The Wolf Brigade

2018ဇာတ်ကားအမှတ် 6.3/10138 မိနစ်

Illang: The Wolf Brigade (2018) IMDb..... 6.3 ပရိသတ်ကြီးတို့အတွက် ဒီတစ်ခေါက်မှာတော့  Japan Anime "Jin-Roh: The Wolf Brigade"ကို remake ပြန်ရိုက်ထားတဲ့ Sci-Fi ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေအနေနဲ့ကတော့ A-list မင်းသား၊ မင်းသမီးတွေဖြစ်ကြတဲ့ Gang Dong-Won၊ Jung Woo-Sung၊ Huh Joon-Ho၊ Han Hyo-Joo၊ Kim Moo-Yul၊ Choi Min-Ho တို့အပြင် ပရိသတ်တွေနဲ့ မစိမ်းတဲ့ နာမည်ကြီး သရုပ်ဆောင်များစွာ ပါဝင်ထားကြတာဖြစ်လို့ Cast  တွေနဲ့တင် လက်မလွှတ်သင့်တဲ့ ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ~ ၂၀၂၄ ခုနှစ်မှာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားက ပေါင်းစည်းရေးအတွက် ၅ နှစ်တာ ကြိုတင်ပြင်ဆင်မှုကာလကို ကြေညာလိုက်ပြီးနောက် ပေါင်းစည်းရေးကြောင့် ကိုရီးယားက အာရှမှာ အင်အားကြီးသွားမှာကို မလိုလားတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံများက ပေါင်းစည်းရေးကို တားမြစ်ဖို့အတွက် ကိုရီးယားရဲ့ စီးပွားရေးကို ဖျက်ဆီးဖို့ ကြိုးစားပါတော့တယ်။ နိုင်ငံရဲ့ စီးပွားရေး ပျက်စီးလာတာကြောင့်ပဲ မတည်ငြိမ်မှုတွေ ဖြစ်လာပြီး ပေါင်းစည်းရေး အစိုးရကို ဆန့်ကျင်တဲ့ Sect ဆိုတဲ့ အကြမ်းဖက်အဖွဲ့ တစ်ဖွဲ့ပေါ်ပေါက်လာပါတော့တယ် ။ အင်အားကြီးတဲ့ Sect  အဖွဲ့ကို သာမန်ရဲတပ်ဖွဲ့ဝင်တွေ နှိမ်နင်းဖို့ မဖြစ်နိုင်တဲ့အတွက် အထူးလေ့ကျင့်ထားကြတဲ့ အထူးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီးနောက်မှာ သွေးစွန်းတဲ့သောကြာဆိုတဲ့ အပြစ်မဲ့ကလေးတွေ သေခဲ့ကြတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာပြီးနောက်မှာတော့ အထူးတပ်ဖွဲ့ရဲ့ လျှို့ဝှက်တပ်ဖွဲ့လို့ ကောလာဟလထွက်နေတဲ့ လူသားဝံပုလွေဆိုတဲ့ အဖွဲ့တစ်ခုပါ ထပ်ပေါ်လာခဲ့ပါတော့တယ် ။ ဒီလိုနဲ့ပဲ လက်ရှိ ၂၀၂၉ ခုနှစ်ဖြစ်တဲ့ ဖရိုဖရဲဖြစ်နေတဲ့ ခေတ်ကြီးထဲမှာအဖွဲ့အစည်းများစွာရဲ့ အာဏာလုပွဲတွေ စတင်လာခဲ့ပြီးနောက်မှာတော့... ရိုက်ချက်တွေလည်း လှပြီး အက်ရှင်ခန်းတွေပါဝင်တဲ့ စိတ်ကူးယဉ်သိပ္ပံကားကောင်းလေးဖြစ်လို့ ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။ File Size : 2.68GB/ 1.14GB Quality : BluRay 1080p 5.1CH/ 720p Format…mp4 Duration…2hr 20m Genre : Action, Military, Thriller, Sci-Fi Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း