ဇာတ်ကားများ ရွေးရန်

Reva: Guna Guna

2019ဇာတ်ကားအမှတ် 5.7/1080 မိနစ်

Reva: Guna Guna (2019) IMDb Rating (5.7) ရီဗာက အမြဲတက်တက်ကြွကြွနေလေ့ရှိပြီး လူချစ်လူခင်များတဲ့ ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး သူ့အသက် ၂၁ နှစ်ပြည့်မွေးနေ့နောက်ပိုင်းမှာတော့ အဲ့ဒါတွေအားလုံးရုတ်တရက်ပြောင်းလဲသွားခဲ့ပါတယ်။ လူတွေနဲ့ဝေးရာကိုရှောင်ဖယ်ပြီးအိမ်တွင်းအောင်းလာသလိုအမြဲတမ်းလည်းစိတ်ဓာတ်ကျမှိုင်တွေမှုတွေဖြစ်လာပါတယ်။ တစ်ညမှာတော့ ရီဗာရဲ့အိမ်မှာ သူ့မိခင်နဲ့ မောင်/ညီမ နှစ်ယောက်ဟာဆိုးဆိုးဝါးဝါးသတ်ဖြတ်ခံခဲ့ရပြီးတစ်ဦးတည်းအသက်ရှင်ကျန်ရစ်တဲ့ ရီဗာကို လူသတ်သမားလို့စွပ်စွဲခံခဲ့ရပါတယ်။ ရုံးတော်မှာတရားရင်ဆိုင်ရချိန်မှာတော့ အဒေါ်ဖြစ်သူဒေါက်တာ ကာရီနာက သူ့ဆီမှာ စိတ်ကြွ-စိတ်ကျရောဂါရှိနေတယ်ဆိုတဲ့အကြောင်းထွက်ဆိုနိုင်ခဲ့တဲ့အတွက် ရီဗာကို ထောင်ဒဏ်အစား စိတ်ကျန်းမာရေးပြန်လည်ထူထောင်မှုဌာနကို ပို့ဆောင်ခံခဲ့ရပါတယ်။ အဲ့ဒီမှာတော့ ရီဗာဟာသူအမြဲပြောနေတဲ့ သဘာ၀လွန်ပုဂ္ဂိုလ်တွေရဲ့ ပိုပြီးပြင်းထန်တဲ့ခြောက်လှန့်မှုတွေကိုရင်ဆိုင်ရပါတော့တယ်။ အဲ့ဒါတွေကတော့ ရုပ်ဆိုးဆိုးအဘွားအိုကြီးတစ်ယောက်၊မျက်လုံးမှာကြယ်သီးအကြီးကြီးတွေနဲ့ကလေးမတစ်ယောက်နဲ့ သံကြိုးတွေလက်ထိပ်တွေ ခတ်ခံထားရတဲ့ မိန်းမကြီးတစ်ယောက်တို့ဖြစ်ပြီး သူတို့တွေဟာ သူ့အသက်ကိုပါနူတ်ယူဖို့အကြိမ်ကြိမ်ကြိုးစားကြပါတော့တယ်။ ဒီဝိဉာဉ်တွေဟာ သူနဲ့ဘယ်လိုပတ်သက်နေလဲ? သူ့အပေါ်မုန်းတီးတဲ့တစ်ယောက်ယောက်ရဲ့လက်ချက်ဖြစ်နေမလား? ဒီအဖြစ်ဆိုးတွေကနေ သူကိုယ်တိုင်ရော လွတ်မြောက်နိုင်ပါ့မလား? အစရှိတာတွေကို သဲထိတ်ရင်ဖိုရှုစားရမှာဖြစ်ပါတယ်။ File size… (820 MB) / (610 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Thriller Duration…. 01:31:04 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း