The Musicians
Musician 2025ဂန္ထဝင်ဂီတကို မြတ်နိုးသူ၊ ပြင်သစ်ယဉ်ကျေးမှုကို ခုံမင်သူတိုင်းအတွက် ဤရုပ်ရှင်သည် ရင်ထဲစွဲမြဲစေမည့် လက်ရာတစ်ခု ဖြစ်ပါတယ်။ ပုံပြင်ဇာတ်ကြောင်းမှာ ရိုးရှင်းသော်လည်း စိတ်ဝင်စားစရာကောင်းသည်။ သမိုင်းဝင် Stradivarius တူရိယာလေးခုကို ပိုင်ဆိုင်ထားသော ထိပ်တန်းဂီတပညာရှင် လေးဦးကို စုစည်းပြီး အဖေဖြစ်သူ၏ အိပ်မက်ဖြစ်သည့် ဂီတပွဲကြီးတစ်ခုကို စီစဉ်ရန် ကြိုးပမ်းသည့် Astrid Thompson (Valérie Donzelli) ၏ ဇာတ်လမ်းဖြစ်သည်။ ပြဿနာမှာ ဤထူးချွန်သူလေးဦးသည် တစ်ကိုယ်တော် သမားများဖြစ်ပြီး ကြီးမားသော ကိုယ်ပိုင်အတ္တများကြောင့် စုပေါင်းတီးခတ်ရန် လုံးဝငြင်းဆန်နေကြခြင်းပင်။ လေ့ကျင့်မှုများမှာလည်း ခိုက်ရန်ဖြစ်ပွားမှုများ၊ စိတ်ခံစားမှုအကျပ်အတည်းများဖြင့်သာ ပြည့်နေခဲ့သည်။ သိုသော်လည်း နောက်ဆုံးတွင် အခက်အခဲများ ပြေလည်ကာ တီဗီတွင် တိုက်ရိုက်ထုတ်လွှင့်မည့် ဂီတဖျော်ဖြေပွဲအတွက် သဟဇာတဖြစ်လာသည်မှာ ထိုတေးဂီတကို ဖန်တီးသူ၊ အထီးကျန်ဆန်သော ဂီတပညာရှင်ကြီး Charlie Beaumont (Frédéric Pierrot) ရောက်ရှိလာခြင်းကြောင့် ဖြစ်ပါတယ်။ ရုပ်ရှင်ကို ကြည့်ရှုနေစဉ်တစ်လျှောက်လုံး မင်းသား၊ မင်းသမီးများ၏ သရုပ်ဆောင်မှု စွမ်းရည်ကို အထူးချီးကျူးမိပါတယ်။ သူတိုသည် ဂီတပညာရှင်များ မဟုတ်ကြသော်လည်း မျက်နှာအမူအရာ၊ ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် တယောကြိုးပေါ်တွင် လှုပ်ရှားနေသည့် လက်ချောင်းများမှာ အသက်ဝင်လှတယ်။ တကယ့် ဂီတပညာရှင်များကဲ့သို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်သွားနိုင်သည်မှာ အံ့မခန်းပင်။ (အချိုသော သုံးသပ်ချက်များအရ ဤရုပ်ရှင်တွင် ပါဝင်သူများထဲမှ အချိုမှာ တကယ့်ဂီတပညာရှင်များ ဖြစ်ကြသည်ဟုလည်း ပါတယ်) ရုပ်ရှင်တစ်ကားလုံးကို ပြင်သစ်ကျေးလက်ရှိ လှပခမ်းနားသော ရဲတိုက်ကြီးတစ်ဝိုက်တွင် ရိုက်ကူးထားပြီး၊ ပတ်ဝန်းကျင် ရှုခင်း၊ သစ်တောများနှင့် အမြင်အာရုံကို ဖမ်းစားနိုင်သော မြင်ကွင်းများက ဇာတ်လမ်းကို ပိုမိုအားဖြည့်ပေးထားပါတယ်။ ပုံမှန်အားဖြင့် ဂန္ထဝင်ဂီတသဘောတရားများ၊ ဆွေးနွေးမှုများ များပြားသောကြောင့် ပျင်းရိဖွယ်ကောင်းနိုင်သော်လည်း ဇာတ်ကောင်များ၏ အတ္တနှင့် စိတ်ခံစားမှု ရုန်းကန်မှုများကို ထိထိမိမိ ပုံဖော်ထားခြင်းကြောင့် ကြည့်ရှုသူကို တစ်ချက်လေးမှ မျက်တောင်မခတ်စေဘဲ ဆွဲဆောင်ထားနိုင်ခဲသော ရုပ်ရှင် ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဂန္ထဝင်ဂီတကို နောက်ခံပြုထားသည့်၊ ပြင်သစ်အငွေ့အသက်နှင့် ပြည့်ဝသည့် အသိဉာဏ်ရှိသော ဇာတ်အိမ်ခိုင်မာသည့် ရုပ်ရှင်မျိုးကို နှစ်သက်သူများအတွက် မလွတ်တမ်း ကြည့်ရှုသင့်သည့် ဇာတ်ကားကောင်း ဖြစ်ပါတယ်။ File size…(1.2 GB)/(706 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း