ဇာတ်ကားများ ရွေးရန်

The Good Girl

2002ဇာတ်ကားအမှတ် 6.2/1093 မိနစ်

The Good Girl ( 2002 ) ပုရိသတွေအသည်းစွဲ မမ Jennifer Aniston၊ Jake Gyllenhaalတို့ အဓိက သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပါ။ မမလှနေတာနဲ့တင် ကြည့်ကို ကြည့်သင့်နေတဲ့ ရုပ်ရှင်ပေါ့။ မိသားစုနဲ့တကွ ကြည့်မသင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့လည်းပါတယ်။ စတိုးဆိုင်မှာ အလုပ်လုပ်နေတဲ့ ဂျက်စတင်းလို့ခေါ်တဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ရှိတယ်။ သူ့ယောက်ျားဝတုတ်ကြီးနဲ့ ကလေးလည်းမရနိုင်ဘဲ ပျင်းစရာကောင်းတဲ့ ဘဝကြီးထဲ နေနေရတဲ့ အမျိုးသမီးပေါ့။ မနက်ထတယ်။ အလုပ်သွားတယ်။ ညနေပြန်လာတယ်။ ဒီမျက်ခွက်ကြီးပဲ မြင်နေရတယ်။ ဒီလိုဘဝကြီးနဲ့ပဲ လည်ပတ်ရင်း အရာအားလုံးကို ငြီးငွေ့နေတဲ့မိန်းမတစ်ယောက်ပေါ့။ တစ်နေ့ စတိုးဆိုင်ကို လူသစ်လေးရောက်လာတယ်။ ဟိုးဒင်းလို့ သူ့ကိုယ်သူခေါ်တဲ့ ကောင်လေးတစ်ယောက်။ ဟိုးဒင်းဆိုတာက မြသန်းတင့်ဘာသာပြန်ခဲ့တဲ့ လေလွင့်သူဝတ္ထုထဲက အဓိကဇာတ်ဆောင်နာမည်။ အဲဒီကောင်လေးက သူ့ကိုယ်သူ ဟိုးဒင်းလိုပဲမြင်ပြီး သူ့နာမည်သူ ဟိုးဒင်းလို့ ပေးထားတယ်။ လောကကြီးကို ငြီးငွေ့နေတဲ့ကောင်လေးပဲပေါ့။ လောကကြီးကို ငြီးငွေ့နေတဲ့ သူချင်းငြိသွားတဲ့ ဇာတ်ဖြစ်ရင်တော့ လက်တွေ့မကျလှဘဲ ဖြစ်သွားမယ်။ လက်တွေ့မှာ ဒီလိုလူတွေ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အမြဲမြင်နေရပေမဲ့လည်း (အထူးသဖြင့် ဂျက်စတင်းလိုလူတွေ) အဲဒီလိုမှ မဖြစ်သွားဘဲကိုး။ အမျိုးသမီးတွေဟာ တစ်နေရာမှာတော့ ဦးနှောက်က အလုပ်လုပ်ကြတာပဲ။ ကျန်တာကိုတော့ ဆက်ကြည့်ကြည့်ပေါ့။ သေချာတာကတော့ ဒီအဖြစ်တွေက မဆန်းဘူး။ မြင်ရနေကျပဲ။

ဇာတ်လမ်းအကြောင်း