Nacho Libre
Nacho Libre (2006) IMDb Rating (5.9) / Rotten Tomatoes (39%) Jack Blackရဲ့ ဟိုးရှေးရှေးတုန်းက ဟာသကားပါ။ ဟိုးရှေးရှေးတုန်းက ဆိုပေမဲ့ အခုထိလည်း ဂျက်ဘလက်က ဒီဟန် ဒီလိုကာရိုက်တာတွေပဲဆိုတော့ ဂျက်ဘလက် ပရိသတ်တွေ ကြိုက်မယ့် ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း Penélope Cruzနဲ့ ဆင်တဲ့ မက္ကဆီကန် မင်းသမီးချောချောလေးပါပဲ။ ဒါရိုက်တာကတော့ ဒီနှစ်ထွက်တဲ့ ဂျက်ဘလက်နဲ့ Jason Momoaတို့ရဲ့ A Minecraft Movieကို ရိုက်ထားတဲ့ ဒါရိုက်တာပါပဲ။ ဇာတ်လမ်းကတော့ ချာ့ချ်ကျောင်းတစ်ကျောင်းမှာ ဖာသာလုပ်နေပေမဲ့ ဖာသာအလုပ်ရယ်လို့မလုပ်ရဘဲ တောက်တိုမယ်ရတွေချည်းလုပ်နေရတဲ့ ဖာသာတစ်ယောက်ရှိတယ်။ သူ့ဘဝမှာ သူက တစ်ခါလောက်တော့ လူလေးစားတာ ခံချင်တယ်။ ဒီလိုနဲ့ ဖာသာအနေနဲ့ လူလေးစားမှု မရနိုင်ခဲ့တဲ့သူက နပန်းသမားကို လူတွေအများကြီးအားပေးတာကို မြင်မိရာကနေ အားကျပြီး နပန်းသမားဝင်လုပ်ရာကနေ နပန်းပွဲထဲက ဖာသာရဲ့အလွဲတွေကို ကြည့်ရမယ့် ဟာသကားပါပဲ။ (ဆယ်စုနှစ်နှစ်ခုကျော်ကြာ ဖာသာဆာဂျီရို ဂူတီရက်ဇ် ဘင်နီတက်ဇ်ဟာ မက္ကဆီကိုနိုင်ငံ၊ တက်စ်ကိုကိုမှာ သူတည်ထောင်ထားတဲ့ မိဘမဲ့ဂေဟာတစ်ခုကို ထောက်ပံ့ဖို့အတွက် နှစ်ဘဝဖြင့် နေထိုင်ခဲ့ပါတယ်။ နေ့ဘက်မှာ ဘုန်းတော်ကြီးအဖြစ် အမှုထမ်းခဲ့ပြီး၊ ညဘက်မှာတော့ Fray Tormenta အဖြစ် နပန်းပွဲကြိုးဝိုင်းထဲ ဝင်ခဲ့ပါတယ်။ စွဲလမ်းမှုနဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ခဲ့ဖူးတဲ့ ဒီထူးခြားတဲ့လူဟာ ကလေးပေါင်း ၂,၅၀၀ ကျော်ကို မေတ္တာနဲ့ ပြုစုစောင့်ရှောက်ဖို့ သူ့ဘဝကို မြှုပ်နှံခဲ့ပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ စွန့်လွှတ်အနစ်နာခံမှုဇာတ်လမ်းဟာ ဟောလိဝုဒ်ရုပ်ရှင် Nacho Libre ကို ရိုက်ကူးဖို့အတွက် လှုံ့ဆော်မှု ဖြစ်ခဲ့ပါတယ်။ အခုအခါမှာတော့ အသက် ၇၀ ကျော်ပြီဖြစ်တဲ့ သူ့ကို သူကယ်တင်ခဲ့ဖူးတဲ့ မိဘမဲ့ကလေးတွေထဲက တစ်ယောက်က ပြုစုစောင့်ရှောက်ပေးနေပါတယ်။ Fray Tormenta ရဲ့ အမွေအနှစ်ဟာ နပန်းလောကမှာသာမက သူထိတွေ့ခဲ့တဲ့ လူ့အသက်ပေါင်းများစွာရဲ့ ဘဝတွေထဲမှာလည်း ဆက်လက်တည်ရှိနေပါတယ်။) (Crd-BN17) File size… (2.4 GB) / (1.1 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:33:27 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း