ဇာတ်ကားများ ရွေးရန်

Sorority of the Damned

2025ဇာတ်ကားအမှတ် 5.5/10

Sorority of the Damned (2025) ++++++++++++ ဇီဝဗေဒဘာသာရပ်နဲ့ ဘွဲ့ရထားပေမဲ့ ဘဝပေးအခြေအနေအရ မိန်းကလေးအဆောင်တစ်ခုမှာ သန့်ရှင်းရေးသမားအဖြစ် အလုပ်လုပ်နေရသူကတော့ ထရီဗာ ဟာမိုနီက သူ့အဘိုးဖြစ်သူဟာ မကွယ်လွန်ခင်က "သမန်းဝံပုလွေတွေ၊ စုန်းမတွေ၊ ဖုတ်ကောင်တွေ" အကြောင်းကို ထူးထူးဆန်းဆန်းပြောကြားပြီး သူတို့မိသားစုရဲ့လျှို့ဝှက်တာဝန်တစ်ခုအကြောင်း အရိပ်အမြွက်ပေးခဲ့ပေမဲ့ ထရီဗာကတော့ အယ်လ်ဇိုင်းမားရောဂါကြောင့် အဘိုးဖြစ်သူက လျှောက်ပြောတယ်လို့သာ မှတ်ယူခဲ့ပါတယ်။ တစ်နေ့မှာတော့ မိန်းကလေးအဆောင်ရဲ့ အိမ်သာပိုက်ပိတ်နေတာကို ရှင်းလင်းရင်း သူနဲ့ အဆောင်မှာအမြဲ အနိုင်ကျင့်ခံရတဲ့ ဂျဲနီတို့နှစ်ယောက်ဟာ အဆောင်ရဲ့မြေအောက်ထပ်မှာ ဘယ်သူမှမသိတဲ့ ရှေးဟောင်းစာအုပ်တစ်အုပ်ကို တွေ့ရှိခဲ့ပါတယ်။ ဒီစာအုပ်ကို အဆောင်မှူးအန်ဂျလာတစ်ယောက်တွေ့သွားပြီးနောက်မှာတော့ အဆောင်ရဲ့ အသင်းဝင်သစ်ရှာဖွေပွဲညမှာ ထူးဆန်းတဲ့ပွဲတစ်ခုကို ကျင်းပဖို့ စီစဉ်ပါတော့တယ်။ သာမန်သန့်ရှင်းရေးသမားလေးတစ်ယောက် အမှတ်မထင်တွေ့ရှိခဲ့တဲ့ အရာက အဆောင်တစ်ခုလုံးကို ဘယ်လိုအန္တရာယ်တွေ သယ်ဆောင်လာမလဲ... သူ့အဘိုးဖြစ်သူရဲ့သတိပေးစကားတွေဟာ စိတ်ဖောက်ပြန်မှုကြောင့်ပြောခဲ့တာတွေလား၊ ဒါမှမဟုတ် တကယ်တည်ရှိနေတဲ့ ရှေးဟောင်းမကောင်းဆိုးဝါးတွေအကြောင်းကို ကြိုတင်သတိပေးခဲ့တာလားဆိုတာကိုတော့... File Size… (1.08GB) / (608MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 22m Genre …Adventure , Comedy , Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း