ဇာတ်ကားများ ရွေးရန်

Benny & Joon

1993ဇာတ်ကားအမှတ် 7.0/1098 မိနစ်

Benny & Joon (1993) IMDB – 7.1/10 Rotten Tomatoes : 75% ၉၀ ခုနှစ်ကာလာတွေထဲက နောက်ထပ် ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါရစေ။ မင်းသားကြီး Johnny Depp နဲ့ မင်းသမီးကြီး Julianne Moore တို့ကိုလည်း ငယ်ရွယ်နုပျိုစွာနဲ့ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဘန်နီဆိုတာက စိတ်ကျန်းမာရေးသိပ်မကောင်းတဲ့ ညီမဖြစ်သူ ဂျွန်ကို ကားဝပ်ရှော့ပညာနဲ့ စောင့်ရှောက်ပေးနေရတဲ့ အစ်ကိုကြီးအဖရာတစ်ယောက်ပေါ့။ ဒီညီမလေးအတွက်နဲ့ သူ့ခင်ဗျာ ရည်းစားတို့ ဘာတို့တောင်မထားနိုင်ပဲ အနစ်နာခံနေရတာပါ။ ဒါပေမဲ့လည်း ဒီဂေါက်သီးညီမလေးကို ဘယ်အိမ်အကူမှ သည်းမခံနိုင် အနွံတာမခံနိုင်တော့ ဘန်နီတစ်ယောက်လည်း သူ့ကို ပစ်ထားပြီး ဘယ်လိုအလုပ်လုပ်ရမလဲဆိုပြီး စိတ်ညစ်နေပါတယ်။ အဲဒီမှာတင် ဝပ်ရှော့ဘော်ဒါထဲကတစ်ယောက်ရဲ့ ညီဝမ်းကွဲဖြစ်သူ ဆမ် (Johnny Depp) ဆိုတဲ့ကောင်လေးက အသံတိတ်ရုပ်ရှင်သရုပ်ဆောင် Buster Keaton ကို အားကျသူ လူထူးဆန်း ကြောင်တောင်တောင်ဆိုတော့ လောင်းကြေးတစ်ခုကနေ ဘန်နီတို့အိမ်မှာ အိမ်အကူလုပ်ဖို့ ဖြစ်လာတဲ့အခါမှာ ဘယ်လိုဇာတ်လမ်းလေးတွေ ဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ်ဗျာ…။ File size…  1.8 GB / 900MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 38m Genre ..... Romance / Comedy Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း