ဇာတ်ကားများ ရွေးရန်

Kokowääh

2011ဇာတ်ကားအမှတ် 6.3/10115 မိနစ်

Kokowääh (2011) IMDb Rating (6.2) / Rotten Tomatoes (63%) နည်းနည်းရိုးရိုးလေးပဲ။ ရိုးနေတာကိုက ဆန်းနေတာလည်းဖြစ်နိုင်တယ်။ မိသားစုဇာတ်လို့လည်း ပြောလို့ရတယ်။ ရုပ်ရှင်လောက ဇာတ်လို့လည်း ‌ပြောလို့ရတယ်။ ဇာတ်ညွှန်းရေးတဲ့ စာရေးဆရာတစ်ယောက်ရှိတယ်။ သူက သူ့ရည်းစား စာရေးဆရာမနဲ့ပြတ်ပြီး တစ်ကိုယ်တည်း လေလွင့်နေတာ ကြာပြီ။ တစ်နေ့ သူအိမ်ပြန်လာတော့ သူ့အိမ်တံခါးဝမှာ ကလေးမလေးတစ်ယောက်ထိုင်နေတယ်။ ကလေးမလေးက သူ့အမေက သူ့ကိုလွှတ်လိုက်ကြောင်းပြောတယ်။ စာတစ်စောင်လည်းပေးလိုက်တယ်။ သူသိလိုက်ရတာက အဲဒီကလေးက သူ့ကလေးဆိုတာပဲ။ ဒီကလေးကို သူ့အဖေနဲ့အမေ လက်ထပ်မယ့်နေ့မတိုင်ခင်မှာ ဇာတ်ညွှန်းရေးဆရာနဲ့ ကလေးအမေနဲ့ ညိပြီး မွေးခဲ့တာ။ ဆိုတော့ ကလေးအဖေက ကလေးဒီအရွယ်ရောက်မှ သူ့ကလေးမဟုတ်တာသိပြီး သူ့မိန်းမနဲ့ပြဿနာတက်ပြီး အိမ်ပေါ်က ဆင်းသွားတယ်။ ကလေးအမေကလည်း တရားတဘောင်ပြဿနာတွေတက်လာတော့ ကလေးကို အဖေအရင်းဖြစ်တဲ့ ဇာတ်ညွှန်းသမားအိမ်ရှေ့ထားသွားတာပေါ့။ သူ့ဘဝထဲ ကလေးဝင်လာတဲ့အချိန်မှာပဲ သူ့ရည်းစားဟောင်း စာရေးဆရာမကလည်းပြန်ဝင်လာခဲ့တယ်။ ဘဝထဲ သူ့အတွက်အရေးကြီးတဲ့အရာနှစ်ခု တစ်ပြိုင်တည်းဝင်လာပြီး ဒီနှစ်ယောက်စလုံးကို သူ့ဘဝထဲ ဘယ်လိုအသားတကျ နေရာချမလဲ ကြည့်ရမယ့်ဇာတ်လမ်းပါပဲ။ ဇာတ်ညွှန်းရေးဆရာတွေ စာရေးဆရာတွေဆိုတော့ ရုပ်ရှင်လောက အခြေအနေကို နည်းနည်းသရော်ထားတာလည်းပါတယ်။ အက်ဟောက်စ်ရုပ်ရှင်တွေကို သရော်ထားတယ်ပြောရမယ်ထင်ပါတယ်။ ရိုးရိုးလေးပေမဲ့ ကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ Relationshipပြဿနာတွေ ယောက်ျားမိန်းမ အမြင်ကွဲလွဲမှုတွေ နည်းနည်းထည့်ထားတာကလည်း လက်တွေ့ကျတယ်။ File size… (3 GB) / (1.3 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 02:06:44 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း