Mixed by Erry
အယ်ရီဖရက်တက်စီယိုမှာ ဒီဂျေတစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အဲဒီအိပ်မက်ကို လက်လွှတ်ရတော့မယ့်အချိန်မှာ ကတ်ဆက်ခွေတွေ ရောင်းဖို့ အခွင့်အရေးပေါ်လာတယ်။ ဒီအလုပ်ကနေ အယ်ရီတို့မိသားစုရဲ့ ဘဝဟာ ပြောင်းလဲသွားပါတော့တယ်။ ၁၉၈၀ ပြည့်နှစ်ကျော်ကာလတွေမှာ အီတလီကလူတွေဆီ သီချင်းကတ်ဆက်နဲ့ တိပ်ခွေတွေ ရောက်ရှိလာအောင် လုပ်ပေးခဲ့သူအဖြစ် အယ်ရီကို မြင်နိုင်သလို မူပိုင်ခွင့်ချိုးဖောက်သူအဖြစ်လည်း မြင်နိုင်ပါတယ်။ Netflix ရဲ့ ဒီအီတလီအတ္ထုပ္ပတ္တိဒရာမာက အယ်ရီနဲ့ သူ့ညီအစ်ကိုတွေဖြစ်တဲ့ ဂီအူဆက်ပေး၊ အန်ဂျလိုတို့ သုံးယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ သူတို့သုံးယောက် ဘဝအနိမ့်အမြင့်တွေကြားကနေ အောင်မြင်လာဖို့ ဘယ်လိုကြိုးစားခဲ့ကြသလဲဆိုတာကို ဇာတ်လမ်းထဲမှာ ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း