BOCCHI THE ROCK! Recap Part 1
Bocchi the Rock!Re: (2024) IMDb - 7.4/10, MyAnimeList - 8.3/10 ဒီနေ့မှာတော့ ဂီတာသမားလေး bocchi-chan အကြောင်းကိုမိတ်ဆက်ပေးချင်ပါတယ်။ Bocchi the Rock! anime series ကတော့ 2022 ခုနှစ်မှာထွက်ရှိခဲ့ပြီးနောက်မှာ recap movie နှစ်ကားထပ်ထွက်လာပါတယ်။ ဒါကတော့ ပထမဆုံးကား Bocchi the Rock!Re: ပါ။ ဒီကားမှာတော့ shy and introverted ဖြစ်တဲ့ bocchi-chan လေးက band တစ်ခုထောင်ချင်ပြီး လူတွေနဲ့စကားပြောနိုင်ချင်ပေမဲ့ အလွန်လူကြောက်တတ်ပြီး စကားတောင်စမပြောနိုင်ပါဘူး။ YouTube channel ထောင်ပြီး နာမည်ဝှက်တစ်ခုနဲ့ cover song တွေတင်တဲ့အချိန်မှာတော့ အားပေးမှုတွေတော်တော်ရထားပါတယ်။ တစ်ဖက်မှာ band ထောင်ချင်တဲ့အိမ်မက်ကတော့ပျောက်မသွားပါဘူး။ ဒါပေမဲ့ လူတွေနဲ့ဆက်ဆံကြည့်ဖို့ကြိုးစားတိုင်း ကြောက်စိတ်ကြောင့် အမြဲကျရှုံးနေလို့အဆင်မပြေလာပါဘူး။ တစ်နေ့မှာတော့ သူ့ဆီကိုမှ စိုက်စိုက်မြိုက်မြိုက် အခွင့်အရေးရောက်လာပါတော့တယ်။ live band တစ်ခုမှာဂစ်တာသမားကထွက်ပြေးသွားလို့ bocchi-chan ကိုအစားထိုးတီးပေးဖို့ကမ်းလှမ်းလာပါတယ်။ ပွဲကလဲစနီးနေပြီ bocchi-chan တစ်ယောက်ကြောက်ကလဲကြောက် လုပ်ကလဲလုပ်ချင်နဲ့ပါသွားပါတော့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာသူတို့ band ကိုလူပြန်စုပြီး club မှာတရားဝင်ဖျော်ဖြေနိုင်ဖို့ လူရွေးပွဲစစ်ခံရဦးမှာပါ။ bocchi-chan ရဲ့မအူမလည်ဟာသလေးတွေနဲ့ တော်တော်လေးတော့အပန်းပြေပြီးရယ်ရတာမလို့ ပေါ့ပေါ့ပါးပါးနဲ့ရယ်ချင်ရင်တော့ ဒီကားလေးကိုရွေးလိုက်ပါနော်...။
ဇာတ်လမ်းအကြောင်း